ဒီးမော့ဆို မြို့မရဲစခန်းကို PDF ဝင်တိုက်

ကရင်နီပြည်၊ ဒီးမော့ဆို မြို့မရဲစခန်းကို ဒီးမော့ဆို-PDF အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့် ဖရူဆို-PDF ပူးပေါင်းတပ်က ယမန်နေ့ မေလ ၁၃ ရက်နေ့တွင် သွားရောက် တိုက်ခိုက်သည်။

နေ့လယ် ၁၂ နာရီတွင် တိုက်ပွဲစတင်ခဲ့ပြီး မြို့မရဲစခန်းအတွင်းမှ အပြင်ထွက်လာသူ အကြမ်းဖက် စစ်ကောင်စီ တပ်သား နှစ်ဦးကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့သည်ဟု ဒီးမော့ဆို-PDF က ထုတ်ပြန်သည်။

ကျန်တပ်ဖွဲ့ဝင်များမှာ အပြင် မထွက်ရဲဘဲ စခန်းအတွင်း နေရာယူကာ ပြန်လည် ခုခံ ခဲ့သောကြောင့် ထိခိုက်မှုကို အတည် မပြုနိုင်ခဲ့ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားသော နင်းမိုင်းအချို့ကို တူးဖော် ရရှိခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအတွင်း ဒီးမော့ဆို-PDF ရဲဘော် သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး ညီနောင် မဟာမိတ်များ အထိအခိုက် မရှိခဲ့ပေ။

ဒီးမော့ဆို မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်း အတွင်း၌သာ နေရာယူပြီး ရံဖန်ရံခါမှသာ စခန်းအပြင်သို့ ကင်းလှည့်လေ့ ရှိသည်ဟု ရှေ့တန်း သတင်းများအရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s