ပုလဲမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ကျောင်းထိုင်ဘုန်းကြီးအပါအဝင် သံဃာ ၄ ပါး ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ထွေအုပ်ရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
ပစ်ခတ်မှုကြောင့် မြသိန်းတန်ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာလေးပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံတစ်ဦး လက် နက်ကြီးကျည်ထိမှန်ကာ မုံရွာဆေးရုံတွင် တက်ရောက်ကုသနေရ သည်ဟု သိရ သည်။
“ ဘာမှမဖြစ်ဘဲ ရမ်းသမ်းပြီးပစ်နေတာ။ လက်နက်ကြီးကျည် ကျ ကျချင်း ကိုရင်လေးတစ်ပါးက ပွဲချင်းပြီး ပျံတော်မူတယ်။ ကျန်တဲ့သုံးပါးက မုံရွာဆေးရုံမှာ ပျံလွန်တော်မူတယ်။ ဒေသခံတစ်ယောက်က မုံရွာ ဆေးရုံမှာ ပေါင်ဖြတ်ရမယ်ပြောတယ်” ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ဆို သည်။
ယနေ့ မေလ ၁၄ ရက် နေ့လည်ပိုင်းအချိန်တွင်လည်း ပုလဲမြို့အစပ်ရှိ ဇီးဖြူကုန်းကျေးရွာအား စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့သည်ဟု သိရသည်။ mizzima