မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်း ကင်းပုန်းကို PDF ဝင်တိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြောင်၊ ယင်းမာပင်၊ မုံရွာ၊ ကျောက်ပန်းတောင်းတို့တွင် စစ်ကြောင်းနှင့်စစ်ယာဉ်တန်းများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်၊ မြောင်၊ မုံရွာနှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းတို့တွင် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းများ မိုင်းဆွဲ ခံရကာ စစ်သား ၁ဝ ဦး၊ ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး မိုးဗြဲအခြေစိုက် ခမရ ၄၂၂ ကင်းပုန်းကို PDF က ဝင်တိုက်ရာ စစ်သး ၃ ဦးထက်မနည်းသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

မိုးဗြဲတွင် စစ်သား ၃ ဦးသေဆုံး

========================

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်း၏ ကင်းပုန်းကို မိုးဗြဲ PDF က ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့ နံနက်အစောပိုင်း မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းအနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို မိုးဗြဲ ပြည်သူ့ကာကွယ်‌ရေးတပ်- MB PDF မှ ပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြာချိန် မိနစ်(၃၀) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို အနီးကပ် စွန့်စွန့်စားစား ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ (၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး MB PDF မှ ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရ ရဲဘော်တစ်ဦးသည် စိုးရိမ်ရသော်လည်း MOBYE PDF Rescue Team-MPRT က စနစ်တကျ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းမာပင်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ် ၇ ဦးသေဆုံး

=============================== ===

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်ပြုတ်ရွာ၊ ကံစုရွာနှင့် တရော်ကျင်းကျေးရွာ အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ မေလ ၁၃ ရက်နေ့ တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံး ခဲ့ကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် ထိတွေ့ တိုက်ပွဲသည် ယမန်နေ့ နံနက်ပိုင်၌ ကျွန်းတောလေး ကျေးရွာနှင့် ကျောက်ပြုတ် ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ပြီး ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြောက်ယမား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် ကျောက်ပြုတ် ကျေးရွာ မြောက်ဘက်ကို ဆက်လက် ထွက်ခွာသွားရာ ယမန်နေ့ ညနေ ၄ နာရီခန့်၌ ဒုတိယအကြိမ် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် Kani People’s Defense Force-KLGနှင့် ယင်းမာပင်-ကနီ ညီနောင် မဟာမိတ် တပ်‌ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင် သိရသည်။

မြောင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

========================================

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်း၌ ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မေလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်တွင် ရှေ့ထွက် အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး၊ စစ်သား ၁ ဦးနှင့် ပျူစောထီး၁ ဦးစုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့၊ ဗိုလ်တောက်ထွန်း MBTT၊ 11Brothers၊ B.G.F(Myingyan)၊ Saw Bwar Gyi MPDF တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းတွင် စစ်တပ် အရာရှိ ယာဉ်တန်း မိုင်းဆွဲခံရ

=====================================

မန္တလေးတိုင်း ကျောက်ပန်းတောင်း – မိတ္ထီလာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အရာရှိပိုင်းများ ပါဝင်သည့် ယာဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင် KPG မဟာမိတ် တပ်ပေါင်းစုထံမှ သိရသည်။

စစ်ယာဉ်တန်းကို PDF Kyaukpadaung၊ KPG Complex UG၊ Kyaukpadaung Defence Force-KDF၊ People Defence Force Kyaukpadaung-တပ်ခွဲ(၁)၊ KPG Black Soldiers UG၊ 21-Guerrilla Force Kyaukpadaung တပ်ဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာ-မန္တလေးလမ်းပိုင်းရှိ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရကာ ၂ ဦးသေဆုံး

========================================

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းရှိ မြေနဲ အနီး အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် People Defence Force South Monywa တပ်ဖွဲ့က မိုင်း ၃လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ဝ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s