မိုးဗြဲ ခမရ-၄၂၂ တပ်ရင်းအနီး ကင်းပုန်းဝပ် စစ်ကောင်စီတပ်သားအချို့ တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအခြေစိုက် ခမရ-၄၂၂ တပ်ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၁၄ ရက် ဒီကနေ့ မနက် အစောပိုင်းမှာ ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  မိုးဗြဲပြည်သူ့ကာကွယ်‌ရေးတပ် PDF က ထုတ်ပြန်ကြေညာပါတယ်။ 

ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ အတွင်း စစ်ကောင်စီတပ်ကို အနီးကပ် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး MB PDF က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တဦးက စိုးရိမ် ရတယ်လို့ ဆိုပါတယ်။ 

အခုကာလအတွင်း ဆောင်ရန်၊ ရှောင်ရန် အခြေအနေတွေကို အသိပေးထားပြီးသလို တနေ့ထက်တနေ့ ဆိုးရွားလာတာကြောင့် ပြည်သူတွေအနေနဲ့ အစစအရာရာ  ဂရုတစိုက် နေထိုင်ကြဖို့လည်း ထပ်ပြီး သတိပေးထားပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s