ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန် လျက်ရှိရာ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ခြောက်ဦး
ဒဏ်ရာ ရရှိထားကြောင်း အမိမြေ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းက သီးကုန်းရွာဘက်သို့ လာသော စစ်ကောင်စီတပ်နှင့် ကျောက်ပြုတ်ရွာ အနီး တစ်နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
“မနက်က ကျွန်တော်တို့ တပ်ဖွဲ့က မြင်ခဲ့တာတော့ တစ်ကောင် သေတာတော့ မြင်ခဲ့ရတယ်။ အားလုံး ပူးပေါင်း တိုက်တာ ဖြစ်တဲ့အတွက် ခွေး (စစ်ကောင်စီတပ်သား) သေဆုံးမှု အသေးစိတ် မပြောနိုင်သေးဘူးဗျ” ဟု အမိမြေ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မေလ ၁၂ ရက်ကလည်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် သီးကုန်းကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်ပိုင် ယမ်စီကုမ္ပဏီမှ ထွက်လာသော ယင်းစစ်ကြောင်းအား အမိမြေ တော်လှန်ရေး တပ်ဖွဲ့ အပါအဝင် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များ စုပေါင်း တိုက်ခိုက် နေခြင်း ဖြစ်ပြီး လက်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ပြည်သူများ စစ်ရေးသတိ အမြဲရှိရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ mizzima