ယင်းမာပင်မြို့နယ် တရော်ကျင်းရွာရှိ ပြည်သူ ပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို ယနေ့ မေ ၁၄ ရက် နံနက် ၇ နာရီ ဝန်းကျင်အချိန်မှစတင်ပြီး စစ်တပ်က စစ်ကြောင်း သုံးကြောင်းခွဲ ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိသည်။

“အခုရွာထဲမှာ ရှိသေးတယ်။ ရွာသားတွေကပ်မရသေးဘူး။ သူတို့ အင်အား ၁၀၀ ကျော်တယ်။ စစ်ကြောင်းတွေက ၇ နာရီလောက်ဝင်ပြီးတော့ ၈ နာရီလောက်မှာ မီး စရှို့တာ။ အခုမီးတွေ လောင်နေတုန်း” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

တရော်ကျင်းရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် ရွာသားများမှာ ထွက်ပြေးပုန်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s