ရန်ကုန်မင်္ဂလာဒုံ အမှတ် ၈၂ တပ်ရင်းကို ၄၀ မမဗုံးလက်နက်ဖြင့် PDF က ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်တွင် တည်ရှိသော အမှတ် ၈၂ တပ်ရင်းကို Area 21 ၏ မဟာမိတ်ညီနောင်များဖြစ်သော Yangon Federal Army နှင့် CGF-YGN တို့ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့ နယ်၊ အမှတ် ၈၂ တပ်ရင်းကို တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ မီးပိတ်ပြီး ငြိမ်သက်သွားကြောင်း၊ ယင်းနောက် တပ်ဝင်းထဲသို့ လူနာတင်ကားများ ဝင်ရောက်သွားကြောင်း၊ PDF ရဲဘော်များ တစ်စုံ တစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာလာကြောင်း သိရှိရသည်။

” ၂ ယောက်သေပြီး ၄ ယောက်ဒဏ်ရာပြင်းထန်တယ်လို့ အတွင်းဖရဲသီးဆီက စောစောကတင် သိရပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

မင်္ဂလာဒုံဒေသခံတစ်ဦးကမူ “၈၂ တပ်ထိပ်မှာ ဒီမနက် ၄ နာရီ ၁၅ မိနစ် ပေါက် ကွဲသံ ၂ ချက် အသံအကျယ်ကြီး မြည်သွားခဲ့ပါတယ်။ တော် တော်ကျယ်ပါတယ်။ ဆက်တိုက်ပဲ။ စက်သေနတ်သံ ၃ ၊ ၄ ချက်ထပ်ကြားရတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s