ရန်ကုန်အင်းလျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းထဲမှ စစ်သား ၂ ဦးကို PDF ကအနီးကပ် ပစ်သတ်၊ သန်လျင်တွင် ဗုံးပေါက် ပြီး ရန်ကုန်တစ်မြို့လုံး စစ်တပ်က ယခုည ကင်း လှည့် လုံခြုံရေးတိုးချ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ် ထိန်းရဲကင်းတွင် ကင်းစောင့်နေသော စစ်သား ၂ ဦးကို လူငယ် ၂ ဦးက ယနေ့ညနေ ၇ နာရီကျော်ဝန်းကျင် ပစ်သတ်သွားကြောင်း သိရှိရသည်။

“တစ်ဦးက ခေါင်းကိုထိပြီး ပွဲချင်းပြီး ဆုံးတယ်။ နောက်တစ်ဦးကတော့ ဆေးရုံရောက်တယ်။ ဒဏ်ရာပြင်းလို့ ဆုံးတယ်။ အတိုနဲ့ ပစ်သွားတာ။ ဖမ်းမိတာမရှိပါဘူး” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က မြကန်သာ ၁ လမ်းနှင့် ၂ လမ်း အတွင်းမှ အိမ်များရှိ CCTV မှတ်တမ်းများကို ညတွင်းချင်း လိုက်လံတောင်းယူစစ်ဆေးနေကြောင်း၊ ရန်ကုန်-အင်းစိန်လမ်းမကြီးဘက်ကိုလည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေးဖြစ်ကြောင်း ရန်ကုန်တိုင်းPDF က သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန် ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဘုရား​ကြီးကုန်းနားတွင် ယခုည ၉ နာရီ ၄၀ မိနစ်အချိန် ဗုံးပေါက်သံနှစ်ချက်ကြားရကြောင်း၊ လက်ရှိတွင် ကမာရွတ်မြို့ နယ်၊ တောင်ဒဂုံ၊ သန်လျင်၊ သာကေတ၊ ကျောက်တံတား၊ စမ်းချောင်း၊ ကြည့်မြင်တိုင် အလုံ၊ တာမွေမြို့နယ်များတွင် စစ်ကားများ ရဲကားများ လှည့်လည်နေပြီး လမ်းဆုံလမ်းခွများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s