ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာ ဥက္ကဋ္ဌ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်နှင့် လ၀ကဝန်ထမ်း၁ ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံး၊ သေ နတ် ၁ လက် သိမ်း ဆည်းရမိ၊ ခရမ်းနှင့်မြင်းခြံတို့တွင်လည်း စစ် တပ်သတင်း ပေးနှင့် ဥက္ကဋ္ဌတို့ အသတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကဗျာကြီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်း ဆောင် ဦးထားဝယ်နှင့် အပေါင်းအပါ လဝက ဝန်ထမ်း ၁ ဦးကို ရေးဘီလူးအဖွဲ့က မေလ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်၌ သွားရောက်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

“ဦးထားဝယ်က အရင်ကတည်းက အုပ်ချုပ်ရေးမှူးဟောင်း ၁ ယောက်ပဲ၊ လုပ် သက်က တော်တော်များတယ်။ အခု စစ်ကောင်စီလက်အောက်မှာလည်း အလုပ် ဆက်လုပ်နေတယ်၊ သူက ရွာထဲမှ ထင်တိုင်းကြဲနေတယ်။ ဒေသခံတွေက တိုင်ကြတယ်ပေါ့။ သူက ပျူစောထီး ခေါင်းဆောင်လည်း ဖြစ်တယ်။ သူ့ကို မနေ့ မေလ ၁၃ ရက် ညနေ ၆ နာရီလောက်မှာ သွားရှင်းလိုက်တာပါ၊ သူနဲ့ အပေါင်း အပါ လဝက ဝန်ထမ်း ၁ ယောက်ပါ ပါတယ်။ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်ကို စစ်ကောင်စီက ပေးထားတဲ့ HK အမျိုးအစား သေနတ် ၁ လက် ပါ ရခဲ့တယ်။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဦးထားဝယ်သည် တပည့်များပါ မွေးမြူပြီး ကျေးရွာများအတွင်း လောင်းကစားဝိုင်းများမှ အခကြေးငွေကောက်ခြင်း၊ လုံခြုံ ရေးယူပေးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

“သူ့မှာ တပည့် ၈ ယောက်ရှိတယ်။ ကျနော်တို့က နယ်မြေကို လေ့လာပြီးတော့ သူ့တပည့်တွေ လောင်းကစားဝိုင်းမှာ လုံခြုံရေးသွားယူနေတဲ့ အချိန်မှာ သူ့အိမ်ကို ဝင်ပြီး ရှင်းခဲ့တာပါ။” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ မေလ ၁၂ ရက်နေ့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ဒေးပေါက်ကျေး ရွာအုပ်စု ဒေးပေါက်ကျေးရွာနေ ဟိန်းသူရအောင် အသက် ၃၀ နှစ်ခန့် ကို အမည်မသိသူတချို့က သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ရပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြစ်သာ‌ကျေးရွာရှိ စစ်ကောင်စီခန့်အပ်ထားသော ရွာဥက္ကဋ္ဌ အသတ်ခံရကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s