ရွှေကူမြို့နယ်အတွင်း ရွှေတူးဖော်နေသူများ ၂၄ နာရီအတွင်း ထွက်ခွာသွားရန် မြို့လှကာ ကွယ်ရေးတပ်ထုတ်ပြန်

ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေကြသူများ ၂၄ နာရီအတွင်း ထွက်ခွာသွားရန် မြို့လှပြည်သူ့ကာ ကွယ်ရေးတပ်ပေါင်းစုက အမိန့်ပေးလိုက်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ဦးဆောင်မှုအောက်ရှိ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)က ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များကို တားမြစ်လိုက်ခြင်းဖြစ်သည်။
ရွှေဖောင်များကြောင့် သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာ ထိခိုက်ပျက်စီးလျက်ရှိနေသည်ကို ဒေသခံပြည်သူ များမှ စိုးရိမ်တကြီးတင်ပြအ ကူအညီ တောင်းခံလာခြင်းကြောင့် တားမြစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
သတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး ၂၄နာရီအတွင်း ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေဖောင်များရုတ်သိမ်းရမှာဖြစ်ပြီး၊ သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသည့် ရွှေဖောင်လုပ်ဆောင်နေသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အလေးအနက်ထား အသိပေးထားသည်ဟု ဆိုသည်။
လက်ရှိ ရွှေကူမြို့နယ် ဧရာဝတီမြစ် (ဒုတိယမြစ်ကျဥ်းအောက်)ကြောင်းတစ်လျှောက်မှာ ရွှေဖောင်များက အစီး ၂၀၀ ထက်မနည်းရှိသည်။mizzima