ပခုက္ကူတွင် ညမထွက်ရအမိန့် ၁ နာရီလျှော့၊ လူ ၅ ဦးထက် ပိုမစုရန် ကြေညာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ညမထွက်ရအမိန့်ကို ည၈ နာရီသတ်မှတ်ထားရကနေ  ည ၉ နာရီကနေ မနက် ၄ နာရီထိ သွားလာနိုင်ကြောင်း ပြောင်းလဲပြင်ဆင်ပြီး လူ ၅ ဦးထက် မစုရဘူးလို့ စစ်ကောင်စီက  ဒီနေ့ မေ ၁၄ ရက်မှာ ကြေညာလိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

ဒီနေ့ခင်း ၂ နာရီလောက်က စစ်ကောင်စီတပ်က ကားနဲ့ အ​ရှေ့မှာ အရပ်ဝတ် ၂ ယောက်၊ အနောက်မှာ ရဲ ၂ ယောက်နဲ့ မြို့ထဲလှည့်လည် ကြေညာသွားတာဖြစ်ပြီး လူ ၅ ဦး ထက် ပိုမစုရဘူးလို့လည်း ကြေညာသွားတယ်လို့ဆိုပါတယ်။

“လူ ၅ ဦး ထက် ပိုမစုရကြောင်းလည်း ပါပါတယ်။ သေချာမကြေညာပါဘူး။ ကားကို အမြန်မောင်း ကြေညာတာပါ။ ခုလိုပြောင်းလဲ ကြေညာလည်း ထူးတော့ မသွားပါဘူး။”လို့ ဒေသခံက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီက အရင်ကတည်းက  ည ၈ နာရီ မနက် ၄ ညမထွက်ရ အမိန့်ကြေညာထားတာဖြစ်ပြီး ညဘက်ထွက်သူတွေ ပတ်ကင်းနဲ့ကြုံတဲ့အခါ ဖမ်းဆီးတာမျိုးရှိပြီး လူငယ်ယောကျာ်းလေးတွေဆိုရင် အမေးအမြန်းမရှိ ဖမ်းဆီးတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မြိုင်လမ်း၊ ပေါက်လမ်းနဲ့ လမ်းဘေးစျေးသည်တွေက ညပိုင်းအထိရောင်းကြတာဖြစ်လို့ အခုလို အချိန် တစ်နာရီ နောက်ဆုတ်သွားတာလည်း သူတို့အတွက် အသက်ရှူချောင်သွားတယ်လို့ သိရပြီး အရင်ကဆို ရောင်းကုန်ကုန် မကုန်ကုန်ဆိုင်စောစောပိတ်ကြရတာလို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s