KNDF တပ်ရင်း ၉ နှင့် ကျေးလက်မြေအဖွဲ့က စစ်ရှောင် ကလေးငယ်များအတွက် စာရေးကိရိယာအချို့ လှူဒါန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနေရာရှိ စစ်ရှောင်ကလေးငယ်များအတွက် စာအုပ်၊ ဘောပင် အစရှိသည့် စာရေးကိရိယာများကို ကရင် နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ တပ်ဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ ပူးပေါင်းကာ ယနေ့ မေလ ၁၄ ရက်တွင် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ရှောင် ကလေးငယ် ၁၅၀ စာ အတွက် ကျောင်းသုံးပစ္စည်းအချို့နှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ ၂၀၀ အတွက် အရဟာဒါနပါ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ တပ်ရင်း ၉ ရဲဘော်တွေက ရှေ့တန်းမှာ ပြည်သူလူထုအတွက် စစ်ကောင်စီနဲ့ တိုက်ခိုက်နေတာရှိတယ်၊ ခဏ အနားယူထားတဲ့ ရဲ ဘော်တွေကတော့ နောက်တန်းမှာ ပြည်သူလူထုအတွက် သောက်သုံးရေတို့ စစ်ရှောင်စခန်းတွေ စာသင်ခန်းတွေမှာ လိုအပ်တဲ့ စာရေးကိရိယာတွေကို လှူဒါန်းတာ ရှိပါတယ်” ဟု KNDF တပ်ရင်း ၉၊ တပ်ခွဲ ၄ တာဝန်ရှိသူ က ပြောသည်။

အလားတူ ကျေးလက်မြေအဖွဲ့သည်လည်း ကရင်နီပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေ၊ အခြေခံစားသောက်ကုန်များကို ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ချိတ်ဆ်ကကာ ကူညီထောက်ပံ့ပေးနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s