ချောင်းဦးတွင် စစ်တပ်က PDF အယောင် ဆောင်၍ ပြည်သူများကို ရိုင်းပြကြမ်းတမ်းစွာ စစ်ဆေးမှုများလုပ်ဆောင်၍ CDSOM သတိ ပေးချက် ထုတ်ပြန်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ရေပိုးစားနှင့် နတ်ရေကန်အကြားတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM အ င်္ကျီများ ဝတ်ဆင်လျက် လာသမျှ ပြည်သူများကို ရိုင်းပြစွာစစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါ စစ်ဆေးသူများသည် CDSOM အဖွဲ့ဝင်များ မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း CDSOM က ပြည်သူများထံသို့ သတိပေးချက်တစ်ရပ် ထုတ်ပြန်သည်။

PDF အယောင်ဆောင် စစ်ကောင်စီတပ်၏ စစ်ဆေးမှုကို ခံခဲ့ရသည့် ပြည်သူများက သတင်းပေးလာ၍ CDSOM အဖွဲ့ခွဲများ အသီးသီးသို့ စုံ စမ်းမေးမြန်းမှု ပြုလုပ်ခဲ့ရာ မည်သည့် အဖွဲ့က ထိုသို့စစ်ဆေးခြင်းမရှိကြောင်း ၊ အဖွဲ့ဝင်များ ကိုယ်တိုင် သွားရောက် စုံစမ်းစေရာ အကြမ်းဖက် စစ်ကောင်စီဝင်များက CDSOM တံဆိပ်ပါ အနက်ရောင် လက်ရှည်များ ဝတ်ဆင်ထားသည်ဟု သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခု ဖြစ်သည့် CDSOM ပုံစံမှားယူကာ ပြည်သူနှင့် PDF များကို ဖမ်းဆီးရန် ကြိုးစားမှု ဖြစ်ကြောင်း၊ ရိုင်းပြ ကြမ်းတမ်းသည့် စကားများ သုံးကာ ဖမ်းဆီးစစ်ဆေးနေသည်မှာ CDSOM ၏ ပုံရိပ်နှင့် ပြည်သူများ၏ ယုံကြည်လေးစားမှုကို ဖျက်ဆီးရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

CDSOM အနေနှင့် ပြည်သူများကို ထိုကဲ့သို့ ပြုမူဆက်ဆံခြင်း လုံးဝ(လုံးဝ) မရှိကြောင်း ၊ ပြည်သူများ အနေနှင့် မလိုအပ်ဘဲ အပြင်လုံးဝ မထွက်ကြရန် မေတ္တာရပ်ခံပန်ကြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s