စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုတွင် စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းနှင့်ပျူစောထီးအဖွဲ့ တိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြင်းဒေါင်းကျေးရွာဘက်က‌နေ ရေဦးဘက်ကို ဒီနေ့မနက် ၅ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ် နှစ်ယောက်တွဲစီးပြီး ထွက်လာတဲ့ အစီး ၂၀ လောက်ကို အင်းပတ်ကွေ့အရောက် ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Khin U Support Organization-KSO အဖွဲ့ကပြောပါတယ်။

“၁၀ စီးခန့် နေရာတင်လဲကျသွားတယ်။ ကျန်အစီးတွေ ဝရုန်းသုဉ်းကားဖြစ်ပြီး စျေးဆိုင်တန်းအတွင်း ထိုးကျသွားခဲ့တယ်” လို့ KSO အဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားတွေဟာ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်နေ့ ညပိုင်းကလည်း ရွှေဘိုမြို့နယ်၊ တည်သီး​တောကျေးရွာအနီးမှာ ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက် သေဆုံးသွားတယ်လို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ 

တည်သီးတော ကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးအဖွဲ့ လုံခြုံရေးအတွက် ကင်းလှည့်ပတ်နေချိန် ရွေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပူး ပေါင်း မဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ DVB က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s