စစ်ကိုင်းတွင် ပြည်သူများကို ဓားဖြင့်ခုတ်သတ်ခြင်း၊ ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်သတ်ခြင်း၊ မီးရှို့သတ်ခြင်းများနှင့် လူအုပ်စုလိုက်ကို သတ်ဖြတ်ခြင်းများ စစ်တပ်က ဆက်တိုက်ကျူးလွန်

စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို အရက်စက်ဆုံးသော နည်းလမ်းများဖြင့် သတ်ဖြတ်လာပြီး ဧပြီလနှင့် မေလအ တွင်း သတ်ဖြတ်သည့်နည်းလမ်းများမှာ အလွန်ရက်စက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

စစ်တပ်က ကျေးရွာများကို မီးရှို့ခြင်း၊ ပစ်သတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ် ဖြတ်ခြင်းများအပြင် ယခုနောက်ဆုံး ဓားဖြင့်ခုတ်ထစ်သတ်ခြင်း၊ မုဒိမ်းကျင့်သတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူအုပ်စုလိုက်ကို သတ်ဖြတ်ခြင်းများကို တွင်ကျယ်စွာ ဆက်တိုက်ကျူးလွန်လာနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အခု သတိထားမိလာတာ ဧပြီနဲ့ မေလ မှာ စစ်တပ်က သတ်ဖြတ်မှုတွေ ပိုများလာတယ်။ ပိုကြမ်းလာတယ်။ နည်းလမ်းတွေက ရက်စက်တဲ့ နည်းလမ်းတွေ ပိုသုံးလာတယ်။ သူတို့ ရွာထဲဝင်စီးလို့ မပြေးနိုင်တဲ့သူ အမေးအမြန်းမရှိ သတ်တော့တာပဲ။ အရင်လို မေးမြန်းပြီး PDF ထောက် ပံ့တယ်လို့ မသင်္ကာမှ သတ်တာမျိုးမဟုတ်တော့ဘူး။ မပြေးနိုင်တဲ့ သူကိုသတ်တာ” ဟု ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်နှင့်အင်ပင်ကျေးရွာများကို စစ်တပ်က မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြည်သူ ၂၇ ဦး ထက်မနည်း ကို ပစ်သတ်သွားကာ ပြည်သူ ၃၀ ဦး ပျောက်ဆုံးနေကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်သော နည်းလမ်း များကို သုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ကျေးရွာထဲသို့ ဝင်ရောက်ချိန်၌ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသောသူများကို ဖမ်းဆီးပြီး လူ ၅ ဦး တစ်သုတ် ခေါ်ဆောင်သွားကာ သတ်ဖြတ် ကြောင်း၊ ယင်းနောက် အလောင်းများကို မီးရှို့မည့်အိမ်များအောက် ထည့်ထားကာ မီးရှို့ကြောင်း၊ မုံတိုင်ပင်ရွာထဲတွင် ဖမ်းမိသော ပြည်သူများကိုလည်း ပစ်သတ်ကာ မီးရှို့မည့်အိမ်များအောက် အလောင်းများထည့်ထားကာ မီးရှို့သတ် ဖြတ်ကြောင်း သိရှိရသည်။

“သတ်တာက သူက လူတွေ အမျာကြီးကို ၅ ယောက် တစ်သုတ် ခွဲပြီးသတ်တယ်။ ဓားနဲ့ ခုတ်သတ်တယ်။ မီးရှို့သတ်တယ်။ သေနတ်နဲ့ပစ်သတ်တယ်။ အမျိုးသမီး ရုပ်အလောင်းတွေဆိုရင် မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ရုန်းကန်ရင်း သေတယ်လို့ ပြောရမယ်။ အ လောင်းတွေကို မီးရှို့ပစ်တာ ၊ မရှို့ဘဲ ပစ်ထားတာတွေလည်း တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က ကျေးရွာများကို ဝင်စီးပြီးနောက် ပျောက်နေသူ ပြည်သူ ၃၀ ဦးရှိပြီး အဆိုပါ ပျောက်ဆုံးနေသူများမှာလည်း သေဆုံးဖွယ်၊ သို့မဟုတ် အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“ပျောက်နေတဲ့သူတွေကလည်း အသတ်ခံရပြီလားဆိုပြီး စိုးရိမ်ကြတယ်။ စစ် တပ်က အဓိက ထားတာက အမျိုးသားတွေကို အဓိကထားတယ်။ ဒါပေမယ့် အမျိုးသမီးတွေကိုလည်း အလွတ်မပေးဘူး။ သတ်တာပဲ” ဟု ဒေသခံက ဆိုသည်။

PDF ရဲဘော်တစ်ဦးဖြစ်သော ဗိုလ်တောက်က စစ်တပ်က အမျိုးသမီးများအပေါ် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများကိုလည်း ကျူးလွန်နေသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က ကနီ နဲ့ ယင်းမာပင်ဘက်တွေမှာ အမျိုး သမီးတချို့ စစ်ခွေးတွေရဲ့ မုဒိန်းကျင့်ခြင်းကိုခံရတယ်လို့ပြောတယ်။ အနိုင်ကျင့်စော်ကားခံရတဲ့ မိန်းကလေးနာမည်နဲ့ ရွာနာမည်က ပြောလို့မရဘူး။ ဒီကောင်တွေ ခွေးစိတ်ပေါက်နေကြပြီ” ဟု ဗိုလ်တောက်က ဆိုသည်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားတိုင်း အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီး ဓားစာခံ လုပ် သတ်ဖြတ် ညှဉ်းပန်းခြင်းများ လုပ်ဆောင်နေသည်ဟု ဗိုလ်တောက်က ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တိုင်း စစ်ခွေးများ အရေးနိမ့်ပြီဆိုတာနဲ့ ရွာခံပြည်သူတွေကို ဓား စာခံလုပ်တယ်။ ထွက်ပေါက်ဖွင့်ခိုင်းတယ်။ ထွက်ပေါက်ဖွင့်မပေးရင် ရွာခံအမျိုး သမီးတွေ အဖိုးကြီးအဖွားကြီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေပါ သေနတ်နဲ့ထောက်ပီး ဓါးစာခံလုပ်‌ ဖမ်းသွားတယ်။ အရွယ်ရောက်တဲ့ မိန်းကလေး တွေကိုဓားစာခံလုပ် ဖမ်းသွားပြီး သူတို့စခန်းရောက်ရင် မုဒိန်းကျင့်တယ်။ နောက်ပြီး သတ်ပစ်တယ်” ဟု ဗိုလ်တောက်ကဆိုသည်။

စစ်တပ်က လာမည့် မိုးရာသီမတိုင်မီ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များကို အပြီးအပြတ် နှိမ်နင်းရန် စီမံချက်ဖြင့် ပြည်သူများကို သတ် ဖြတ်နေသည်ဟု ဒေသခံတချို့က သုံးသပ်ပြောဆိုကြပြီး စစ်အာဏာရှင် တော်လှန်ရေး စိတ် ဓာတ်များမှာ စစ်တပ်၏ ရက်စက်မှုများကြောင့် အညာဒေသတွင် ပိုမိုကြီးထွားလာနေသည်ဟုဆိုကြသည်။

“စစ်ခွေးတွေရဲ့ ရက်စက်မှုကို ကြုံရတာဆိုရင် အခု အနီ၊ အစိမ်းမှ မဟုတ်တော့ဘူး။ အားလုံးခံနေရတာ။ အရင် ကြံ့ခိုင်ရေးထောက်ခံသူတောင် စစ်ခွေးတွေကို ပြန်ချရမယ်ဆိုတာမျိုးဖြစ်ကုန်တယ်။ စစ်တပ်က အနီ အစိမ်း မခွဲတော့ဘူး အကုန်မီးရှို့တယ်။ သတ်တယ်။ အဲဒီတော့ ရွာတွေမှာလည်း အကုန်လုံးက PDF မဟုတ်တဲ့ တွန်းလှန်သူတွေ ဖြစ်ကုန်ကြတယ်။ ငါတို့ရွာ ငါတို့ အိမ် ငါတို့ ပြည်သူကို ကာကွယ်ရမယ်ဆိုတာမျိုးနဲ့ ချကုန်ကြတာ။ စစ်တပ်ကို အသေခံပြီး ဓားနဲ့ တက်ပိုင်းတာတွေတောင် ရှိလာတယ်” ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s