စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်က တန် ပြန် ကျောင်းသားအဖွဲ့အစည်းများ

စစ်ကောင်စီအာဏာသိမ်းပြီးနောက် လူမှုကွန်ရက်စာမျက်နှာများ၌ တန်ပြန်ကျောင်းသားအဖွဲ့များပေါ် ပေါက်လာပြီး ယခင်သမဂ္ဂအဖွဲ့များကို ထင်ယောင်ထင်မှားဖြစ်စေရန်ဆောင်ရွက်မှုများရှိလာသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်းနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တို့တွင် “ကျောင်းသားအစည်းအရုံး” ဟူသော အသုံးအနှုန်းဖြင့်အဖွဲ့များ လူမှုကွန်ရက်ပေါ်တွင် စတင်ပေါ်ပေါက်လာပြီး စစ်ကောင်စီကိုထောက်ခံခြင်းနှင့် ကျောင်း သားသမဂ္ဂများကို ဖျက်သိမ်းကြောင်း ကြေညာခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ပြီးတစ်နှစ်အကြာ ယခုနှစ် မေလ ၁၂ ရက်နေ့တွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီကစေခိုင်းခဲ့ပြီးနောက် လူမှုကွန်ရက်တွင် “ရန်ကုန်တက္ကသိုလ်ကျောင်းသားအစည်းအရုံး”ဟု ထပ်မံပေါ်ပေါက်လာသည်။

ထိုသို့“ကျောင်းသားအစည်းအရုံး”အမည်ခံဖွဲ့စည်းပြီးနောက် သမဂ္ဂများကိုဖျက်သိမ်းကြောင်း၊ စစ်ကောင်စီ ကိုထောက်ခံကြောင်းနှင့် ကျောင်းတက်သူများအားပြောဆိုနေမှုများကို အရေးယူမည်ဖြစ်ကြောင်း တပြိုင် နက်တည်း ကြေညာနေကြသည်ကို တွေ့ရသည်။

ထိုကဲ့သို့ အမည်ခံ“ကျောင်းသားအစည်းအရုံး”များပေါ်ပေါက်လာခြင်းသည် စစ်ကောင်စီ၏ ကျောထောက် နောက်ခံနှင့် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ကျောင်းတက်နေသူများကို ဝါဒဖြန့်ရန်နှင့် တော်လှန်ရေးတွင် ပါဝင်လျက်ရှိ‌သည့် ကျောင်းသားကျောင်းသူများအကြား သပ်လျှိုသွေးခွဲခြင်းသာလျင် ဖြစ်နိုင်သည်ဟု ကျောင်းသား သမဂ္ဂများက ပြောဆိုသည်။

“သမဂ္ဂနဲ့ နီးစပ်တဲ့ကျောင်းသား၊ ကျောင်းသူတွေ အမြဲလေ့လာနေတဲ့သူတွေက ပြဿနာမရှိဘူး။ သမဂ္ဂနဲ့ အလှမ်းဝေးတဲ့ အချို့သောကျောင်း သားတွေအနေနဲ့ကြတော့ သူတို့ကတော်လှန်ရေးမှာပါတယ်။ ဒီလို ကြေညာချက်တွေကြည့်ပြီး သမဂ္ဂဆိုတာ ဒီလိုဖျက်သိမ်းလို့ရတာလား။ တကယ်ပဲ ဖျက်သိမ်းလိုက်တာ လားလို့ထင်သွားမှာကို စိုးရိမ်တယ်”ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ဥက္ကဌဖြစ်သူ ကိုမင်းဟန် ထက်က ပြောသည်။

ကျောင်းသားသမဂ္ဂအဖွဲ့များသည် သက်ဆိုင်ရာကျောင်းအလိုက် ရွေးကောက်ပွဲများပြုလုပ်ပြီး ကျောင်း သား၊ ကျောင်းသူများ၏ မဲပေးရွေး ချယ်မှုများနှင့် ဖွဲ့စည်း ရသော အဖွဲ့စည်းများဖြစ်ကြသည်။

ယခုပေါ်လာသော “ကျောင်းသားအစည်းအရုံး” အမည်ခံအဖွဲ့များသည် စစ်ကောင်စီ၏ သပ်လျှိုသွေးခွဲမှု သာဖြစ်ပြီး ထို့သို့ မဟုတ်ဘဲ အမှန်တကယ်ဖွဲ့စည်းသည်ဆိုပါက စစ်ကောင်စီ သို့မဟုတ် ကျောင်းအာဏာ ပိုင်အဖွဲ့များ၏ လက်ကိုင်တုတ်သာဖြစ်နိုင်သည်ဟု ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များက ဆိုသည်။

အရပ်သားအစိုးရလက်ထက်မှာပင် ရွေးကောက်ပွဲဖြင့်တက်လာသည့် ကျောင်းသားသမဂ္ဂများကို ယခုကဲ့ သို့ သပ်လျှိုသွေးခွဲမှုများပြုလုပ်ခဲ့ဖူးသည်ဟု သမဂ္ဂ ကျောင်းသားများ၏ ပြောပြချက်များအရ သိရသည်။

တက္ကသိုလ်များတွင် အဆိုပါအဖွဲ့များဖွဲ့စည်းလာသကဲ့သို့ အခြေခံပညာကျောင်းများတွင်လည်း “မြန်မာ နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်း သားများ အစည်းအရုံး” ဟူသောနာမည်ဖြင့် ခြင်္သေ့ပုံလိုဂိုကိုအသုံး ပြု၍ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများအစည်းအရုံး”သည် စစ်ကောင်စီ၏ ပညာရေးဝန် ကြီး၊ ပြန်ကြားရေးဝန်ကြီးတို့နှင့်တွေ့ ဆုံ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားအဖွဲ့များကို ဖျက်သိမ်း ကြောင်း ကြေညာထားသည်ကို တွေ့ရသည်။

အဆိုပါအစည်းအရုံးသည် တက္ကသိုလ်အဖွဲ့များကဲ့သို့ပင် CDM ကျောင်းသားများကို ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်သည့်ကျောင်းသားအဖွဲ့များကို ဖျက်သိမ်းကြောင်း ကြေညာချက်များကိုထုတ်ပြန်လာသည်။

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အခြေခံပညာရေးလုပ်သားများသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ မှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ကိုနောင်ချိုက “အခြေခံပညာအစုအဖွဲ့တွေ အားကောင်းနေတဲ့အချိန်၊ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေ အားကောင်းလာတဲ့အချိန်မှာ ဒါကိုလုပ်တာဟာ ပြန်တိုက်ဖို့ အတွက် အင်အားစုတစ်ခုကို ပြန်မွေးတာ။ အရင်ကလည်း ဒါမျိုးတွေဖြစ်ဖူးတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကျောင်းအသီးသီးရှိ သမဂ္ဂအဆောက်အဦး များကို ဝင်ရောက်စီးနင်းခြင်း၊ သမဂ္ဂအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခြင်းများလုပ် ဆောင်လေ့ရှိသည်။

ထို့သို လုပ်ဆောင်မှုများရှိသော်လည်း ကျောင်းသား၊ ကျောင်းသူအများအပြားသည် နွေဦးတော်လှန်ရေး CDM ပြုလုပ်ခြင်းအပြင် စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဖီဆန်၊ ဆန့်ကျင်၊ တော်လှန်လျက်ရှိနေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s