တပ်မဟာ ၂ နယ်မြေအတွင်းမှ စစ်ကောင်စီ တပ်စခန်း ၃ ခု ထပ်မံ ဖယ်ရှားရန် KNLA သတိပေး၊ ဖယ်ရှားရန် သတိပေးထားသည့် စစ်တပ်စခန်းပေါင်း ၆ ခုရှိလာ

ပဲခူးတိုင်း၊ KNLA တပ်မဟာ (၂)နယ်မြေ၊ တောင်ငူခရိုင် တပ်ရင်း ၆ နယ်မြေတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်စွာ တပ်စွဲထားသည့် အ ကြမ်းဖက် စစ်ကောင်စီစခန်း ၃ ခုကို ၁၀ ရက်အတွင်း အပြီးတိုင် ရုတ်သိမ်းထွက်ခွာရန်နှင့် ဆက်လက်တပ်စွဲပါက နောက်ဆက်တွဲ ကိစ္စများ တာဝန်မယူဟု KNLA တပ်ရင်း (၆) တပ်ရင်းဌာနချုပ်က ယနေ့ ထပ်မံသတိပေး ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လွန်ပူးစခန်း၊ နတ်သမီးတောင်စခန်းနှင့် ရေတံခွန်စစ်စခန်းများကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေရခြင်း၊ မိုင်းကွင်းများကြောင့် နေ့စဉ်သွားလာရေး အဟန့်အတား အခက်အခဲဖြစ်ရခြင်း၊ စစ်ကောင်စီ၏ ဦးတည်ချက်မဲ့ ဖမ်းဆီးမှုများ၊ ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့်နေရကြောင်း KNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၈ ရက်နေ့ စွဲဖြင့်လည်း စစ်ကောင်စီဘုမ္မတီး စခန်း၊ တောင်ကြီးစခန်း၊ ရှားစေးဘိုးစစ်စခန်းများကို ရုပ်သိမ်းရန် KNLA က သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်ရာ စစ်ကောင်စီစခန်း စုစုပေါင်း ၆ ခုကို ရုပ်သိမ်းရန် KNLAက သတိပေးချက် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။
KNLA က ယခု သတင်းထုတ်ပြန်သည့် နေ့မှစ၍ ၁၀ ရက်အတွင်း အပြီးတိုင် စခန်းများ ရုပ်သိမ်းထွက်ခွာသွားရန်နှင့် အဆိုပါရက် ကျော်လွန်၍ ဆက်လက်တပ်စွဲနေပါက နောက်ဆက်တွဲကိစ္စများကို တာဝန်ယူမည် မဟုတ်ကြောင်း KNLA တပ်ရင်း(၆) တပ်ရင်းဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။ khit thit