ပုလဲ၊ ရွှေဘို၊ ချောင်းဦးနှင့် အင်းတော်ကြီးမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၅၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲ၊ ရွှေဘို၊ ချောင်းဦးနှင့် ကချင်ပြည်နယ် အင်းတော်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅၇ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပုလဲမြို့နယ်တွင် စစ်သား ၁၃ ဦးသေဆုံး

=======================

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ ပျူစောထီးတပ်ဖွဲ့များနှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ကြား မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း PRA က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ စစ်ကြောင်းထိုးရာ လမ်းကြောင်းကို PRA က မိုင်းအလုံး ၄၀ ကျော်ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်မတော် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း PRA က ထုတ်ပြန်ထားသည်။

ရွှေဘိုတွင် စစ်သား ၆ ဦး ထက်မနည်းသေဆုံး

===========================

စစ်ကိုင်းမြို့မှ တဆင့် ရွှေဘို မြို့ အနီးသို့ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်ရန် စစ်ကြောင်းချီလာသော Black Wolf – Pdf အဖွဲ့ဝင်များသည် ကျေးရွာတရွာအနီး တွင် ဝင်ရောက်နားနေစဥ် ကျေးရွာအား မီးရှို့ရန် လာရောက်သော စကစတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များသည် သေဆုံးဒဏ်ရာရစစ်သားများကို ပြန်လည်ဆွဲယူသွားကြောင်း၊ စစ်သားသေဆုံးမှု ၆ ဦး မှ ၁၀ ဦးကြား ရှိနိုင်ကြောင်း Black Wolf – PDF အဖွဲ့က ထုတ်ပြန်ထားသည်။

ချောင်းဦးတွင် စစ်သား ၂၀ ဦးခန့်သေဆုံးနိုင်

========================

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မန္တလေးဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ အံစာတုံး ကား ၂ စီးကို ကွေးပင်တောနှင့် ဘိုးမြင်းကြီးကင်းကြားရှိ တံတားပေါ်တွင် ယနေ့ မေလ ၁၄ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန် ချောင်းဦး CRA နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ အံစာတုံးကား ၁ စီးမှာ မိုင်းထိပြီး လမ်းဘေးချောက်ထဲ ထိုးကျသွားကြောင်း၊ စစ်သား ၂၀ ဦး ခန့် သေဆုံးနိုင်ကြောင်း ချောင်းဦး CRA ကသတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA)၊ Farmer Revolution Force CHU(FRF)၊ Black Eagle Defense Force MMU၊ ကန္တာရသိန်းငှက်၊ CDSOM၊ Myinmu Civil Revolution Fore(CRF)၊ ဇာမဏီတပ်ဖွဲ့ Chaung U RevolutionArmy2 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အင်းတော်ကြီးမြို့တွင် စစ်သား ၁၈ ဦးသေဆုံး

=========================

ကချင်ပြည်နယ် အင်းတော်မြို့၊ ညောင်ပင်နှင့် နန့်ဒေါင်းဆယ်အကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီး PDF က ယနေ့ နေ့လယ် ၁၂ နာရီတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြေင်း အင်းတော်ကြီး PDF ထံမှ သိရှိရသည်။

ယမန်နေ့ညတွင်လည်း နန့်ပတဲနှင့် လွဲမွန်ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်းအင်းတော်ကြီးPDF က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s