ဗန်းမော်တွင် လောင်းကစားဒိုင်နှင့်ထိုးသားများ ဓားခုတ်မှုဖြစ်ပွား၊ ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်မြို့ အောင်သာရပ်ကွက်ရှိ Denko ဓာတ်ဆီဆိုင်အနီး လောင်းကစားဝိုင်းတခုမှာ မနေ့ညဦးပိုင်း ၇ နာရီခွဲလောက်က ဓားခုတ်မှုဖြစ်ပွားပြီး ထိုးသား ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လာကစားတဲ့သူတွေနဲ့ ကစားဝိုင်းဒိုင် စကားများရာကနေ လူငယ်သုံးဦး ဓားနဲ့ခုတ်ခံရတာ” လို့ ရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား ၃ ယောက်ကို ဗန်းမော်သုညသုခ ပရဟိတ လူငယ်အသင်းက ဆေးကုသမှုခံယူဖို့ ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်မြို့ ဒေသခံအနှံ့အပြားမှာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ လေးကောင်ဂျင် လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s