ဗိုလ်သော်ကောင်းစံ နှင့် ဗိုလ်ကြီးတစ်ဦး PDF ၏ ဖမ်းဆီးမှုမှ ထွက်ပြေးစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ သော်ကောင်းစံအရိုးပြာကို ဘိုကလေးတွင် ဂူသွင်းသဂြိုလ်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုးနှင့် ရေလျှံရွာအနီးတွင် မေလ ၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ မှ ဗိုလ်သော်ကောင်းစံနှင့် ဗိုလ်ကြီး ၁ ဦးတို့မှာ KNLA၊ PDFပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရာမှ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၇ ရက်နေ့ ညနေပိုင်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီးတစ်ဦး လိုက်ပါသော ကားကို ဖမ်းဆီးလိုက်ကြောင်း၊ သို့ရာတွင် ဗိုလ်သော်ကောင်းစံနှင့် ဗိုလ်ကြီးတစ်ဦးက ကားပေါ်မှ ဆင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်အရှင် ဖမ်းဆီးမိခဲ့သော်လည်း လမ်းတွင် ထပ်မံထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးသွားကြာင်း သိရှိရသည်။

“၂ ဦးမှာ တစ်ဦးက ဗိုလ်သော်ကောင်းစံ။ နောက်တစ်ဦးက ၃ ပွင့် ဗိုလ်ကြီး။ သူ့သတင်းက အတိအကျ မသိရသေးဘူး” ဟု PDF သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သေဆုံးသွားသူ ဗိုလ်သော်ကောင်းစံ သည် ခလရ (၈၄)မှ ဖြစ်ပြီး ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှ ဖြစ်ကြောင်း၊ စစ်တက္ကသိုလ် အပတ်စဉ် – ၆၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းခဲ့သူဖြစ် ကြောင်း သိရှိရသည်။

“အဲဒီတပ်က ရှားစေးဘိုစခန်းမှာ နားနေတာ။ ရှားစေးဘိုနဲ့ကျီတော်လမ်းမှာ ကျနော်တို့အဖွဲ့နဲ့ သူတို့ကား တည့်တည့်တိုးတာ။ သူတို့က ကျွန် တော်တို့အဖွဲ့ကိုတွေ့တော့ ကားပေါ်က ဆင်းပြေးတာ လိုက်ဖမ်းတာ အရှင်မိတယ်။ လမ်းမှာထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ” ဟု ထန်းတပင် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မေလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းများကို စစ်သားများက လာကောက်သွားခဲ့ကြောင်း သိရှိရသည်။

ဗိုလ်သော်ကောင်းစံ၏ အရိုးပြာကို သူ၏ ဇာတိ ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့တွင် ဂူသွင်းသဂြိုလ်ကြောင်း၊ ဗိုလ်သော်ကောင်းစံ၏ မိသားစုဖြစ်သည့် ဟန်သစ်အောင် ဓာတ်ပုံတိုက်က နာရေးရက်လည် အကျဉ်းချုံးပြုလုပ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s