မုံရွာမြို့ လက်ဖက်ရည်ဆိုင်တခုတွင် ဗုံးပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းမုံရွာမြို့ ရတနာပုံရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မေ ၁၄ ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက  ၈ နာရီလောက်မှာ ရတနာပုံရပ်ကွက်ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ဗုံးပေါက်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်ကို ဆယ်အိမ်မှူးတွေ လာထိုင်တာ တွေ့တယ်။ ဆယ်အိမ်မှူးတွေ ဦးနေထက်ဖြိုး (နယ်မြေ ၁၀)၊ ဦးအောင်လင်း (နယ်မြေ ၇)၊  ဦးပေါက်ဥ (ရတနာပုံရပ်ကွက်) တို့ ၃ ဦးထိုင်နေရာမှာ ဗုံးပေါက်ကွဲသွားတယ်၊ ဦးပေါက်ဥက သေဆုံးသွားတယ်။ ကျန် ၂ ဦးက ဒဏ်ရာရတယ်သွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။

မုံရွာမြို့ ရတနာပုံရပ်ကွက်က လက်ဖက်ရည်ဆိုင်ဗုံးပေါက်တာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင် တယ်ဆိုတာ မသိရှိရသေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီမှာလည်း ရွှေဇလုပ်ရပ်ကွက်နေ ဦးကျော်တင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်သတ်တာ ခံခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s