မြစ်ကြီးနားတက္ကသိုလ် စဖွင့်၊ ကျောင်းသူ/ကျောင်းသားအချို့ တက်ရောက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ မြစ်ကြီးနားတက္ကသိုလ်ကို စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနညွန်ကြားမှုနဲ့ စတင်ဖွင့်လှစ်နေပြီး ကျောင်းသား ကျောင်းသူတချို့ တက်ရောက်နေကြပါတယ်။

တက္ကသိုလ်ကျောင်းကို မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ပြီး ‌ကျောင်းသား၊ ကျောင်းသူအချို့ တက်ရောက်နေကြပြီး လူဦးရေစာရင်း အတိအကျကိုတော့ မသိရသေးဘူးလို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ က ပြောပါတယ်။

“၁၂ နေ့ မှာ‌‌ ကျောင်းတွေစဖွင့်တယ်၊ မြစ်ကြီးနားတက္ကသိုလ်မှာလည်း ကျောင်းတွေတက်ကြတယ်လို့ ကျနော်တို့ကြားတယ်၊ ဘယ်သူတွေတက်ကြတယ်ဆိုတာတော့ မသိသေးဘူး၊ စုံစမ်းနေဆဲ့ပေါ့နော။ ဒီအပေါ်မှာလည်း အနည်းနဲ့အများတော့ ရှိနေတယ်၊ အသိအကျတော့ မသိနိင်သေးဘူး” လို့ ပြောပါတယ်။

အခုလိုတော်လှန်ရေးကာလမှာ တက္ကသိုလ်ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်သူတွေ အများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေချိန် တက္ကသိုလ်‌‌ကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ ကြိုးစားနေတာဟာ နိင်ငံတကာမှာ အာဏာသက်ရောက်မှုရှိကြောင်းကို ပြသလိုတာကြောင့် ဖြစ်တယ်လို့ ‌‌ကျောင်းသားသမဂ္ဂက မှတ်ချက်ပြုပြောဆိုပါတယ်။

“သူတို့က နိင်ငံတကာမှာ လူရာဝင်ချင်တယ်ပေါ့၊ သူတို့စစ်အုပ်စုအနေနဲ့ အုပ်ချုပ်ရေးယန္တယားတွေကို ကောင်းမွန်စွာလည်ပတ်နေတဲ့ပေါ့နော၊ အဲဒီအကြောင်း နိင်ငံတကာကို ပြချင်လို့၊ ဒီပညာရေးကို ခုတုံးလုပ်တယ်လိုပဲမြင်တယ်။”

အခုလိုစစ်ကောင်စီညွန်ကြားချက်နဲ့ ကျောင်းတွေပြန်ဖွင့်တာနဲ့ပတ်သက်ပြီး မြစ်ကြီးနားကျောင်းသားသမဂ္ဂအနေနဲ့ CDM လှုပ်ရှားမှုမှာပါဝင်ဖို့ တောင်းဆိုတဲ့အနေနဲ့ စာတွေထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် မြစ်ကြီးနားတက္ကသိုလ်ကောင်စီကနေ ကြားကာလပညာရေးအတွက် အွန်လိုင်းအခြေပြု သင်ကြားမှုတွေ ပြုလုပ်နေပြီး ဘာသာရပ် ၅ ခု စတင်သင်ကြားနေပါတယ်။ မြစ်ကြီးနားတက္ကသိုလ်မှာရှိတဲ့ ဘာသာရပ် ၁၄ ခုလုံး သင်ကြားနိုင်ဖို့အတွက်လည်း ကျောင်းကောင်စီက  ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

အွန်လိုင်းသင်ကြားမှု စနစ်မှာ ဘာသာရပ်သင်ကြားမှုတွေအပြင် (Short course) အစီစဥ်တွေကိုလည်း လုပ်ဆောင်နေတာပါ။  လက်ရှိအချိန် မြစ်ကြီးနားတက္ကသိုလ်ကြားကာလ အွန်းလိုင်းစနစ်နဲ့ ပညာသင်ကြား‌မှုမှာ စာရင်းသွင်းထားတဲ့ ကျောင်းသားကျောင်းသူပေါင်း (၁၈၀၀) ဝန်း ကျင်ရှိပါတယ်။

မြစ်ကြီးနားတက္ကသိုလ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (CDM) အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကောက်ခံရရှိထားတဲ့ စာရင်းတွေအရ တက္ကသိုလ်ဆရာ၊ဆရာမ၊ ကျောင်းဝန်ထမ်းတွေ စုစုပေါင်း ၆၀ ရာခိုင်နှုန်းနဲ့ CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ‌ကျောင်း သား၊ကျောင်းသူ စုစုပေါင်း ၆၅ ရာခိုင်နှုန်း ရှိတယ်လို့ သိ ရပါတယ်။

မြစ်ကြီးနားမြို့မှာရှိတဲ့ မြစ်ကြီးနားတက္ကလိုလ်အပါအဝင် အဆင့်မြင့်ပညာရေး ကျောင်းတွေလည်း ဖွင့်လှစ်နေပြီလို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s