မြစ်ကြီးနား၊ ဟူးကောင်းနှင့် တနိုင်း၊ ရှင်ဗွေယာန်ခရိုင်များအတွင်းရှိ စစ်ကောင်စီလက် အောက်ခံ ဝန်ကြီးဌာများမှ ဝန်ထမ်းများ နုတ်ထွက်ရန် KIO စာထုတ် သတိပေး

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ဟူးကောင်းခရိုင်၊ တနိုင်းခရိုင်နှင့် ရှင်ဗွေယာန်ခရိုင်များမှ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အသီးသီး၌တာဝန်ထမ်းဆောင်နေသော အမှုထမ်း/အရာထမ်းများအားလုံး မိမိ စိတ်ဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသော တာဝန်များမှ နုတ်ထွက် ရပ်နားသွားရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စာထုတ် အသိပေးလိုက်သည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူများအား ဥပဒေမဲ့ ဖမ်းစီးနှိပ်စက် သတ်ဖြတ်ခြင်းများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခြင်းကြောင့် ပြည်သူလူထု တရပ်လုံးမှ စစ်အာဏာရှင်အား လုံးဝ လက်မခံဘဲ စစ်အာဏာရှင် ကျရှုံးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေသည့်အချိန်ဖြစ်သည်ဟု KIO ကဆိုသည်။

နုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက် ဆက်လက်အမှုထမ်းနေပါက ဖြစ်ပေါ်လာမည့် ပြဿနာ အကျိုးဆက်များအားလုံးသည် မိမိ၏တာဝန်သာဖြစ်ကြောင်း KIO က သိပေးထားသည်။

မြစ်ကြီးနား၊ ဟူးကောင်းနှင့် တနိုင်းခရိုင်များသည် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ၏ အမှတ် ၂ တပ်မဟာ နယ်မြေအတွင်း တည်ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s