မြိုင်မြို့နယ် ရွာရှည်ရွာကို အကြမ်းဖက် စစ် တပ်က ဝင်စီး မီးရှို့နေပြီး ပြည်သူ ၅၀ ကျော် ပိတ်မိနေ၊ ရေစကြိုရှိ ကျေးရွာ ၃ ရွာကိုလည်း စစ်တပ်က မီးရှို့နေ၊ ဆားလင်းကြီး ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က ဝင်စီးပြီး ပြည်သူ ပိုင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးနေ

မကွေးတိုင်း မြိုင်မြို့နယ် ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်း၌ ပြည်သူ ၅၀ ကျော် ပိတ်မိနေကြောင်း We love myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းသောကြောင့် ကျေးရွာအတွင်းရှိ အသက် အရွယ် ကြီးရင့်သူများနှင့် ကလေးငယ်များ ပိတ်မိနေကြောင်း သိရသည်။

” ရွာရှည်ရွာက မေလ ၁၃ ရက်နေ့ကမှ လက်နက်ကြီးနဲ့ ပစ်သတ်ပြီး ပြည်သူ ၃ဦးသေထားတဲ့ရွာပါ အဲနေ့ကလည်း နေအိမ် ၄၀ ကျော် မီး လောင်သွားတယ်။ ဒီနေ့ မီးထပ်ရှို့တာ နေအိမ် ၄၀ လောက်ပြာကျသွားပြီ ပြည်သူ ၅၀ ကျော်လောက် ရွာထဲမှာ ပိတ်မိနေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ် မေလ ၁၃ ရက်နေ့ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကာ နေအိမ် ၄၄ လုံး မီးလောင်ပြာကျခဲ့သော ကျေးရွာဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာ၊ ကိုင်းရွာနှင့် မိုးကွဲရွာတို့ကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း Yay Lal Kyun News အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မင်းရွာကို ယနေ့ နံနက် ၆ နာရီ ၄၁ မိနစ်ခန့်၊ ကိုင်းရွာကို နံနက် ၈ နာရီ ၄၀ မိနစ်နှင့် မိုးကွဲရွာ မွန်းလွဲ ၃ နာရီ ၂၃ မိနစ်တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က ဒီနေ့ ရွာ ၃ ရွာကို မီးတင်ရှို့နေတယ်။ ပျက်စီး ဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးဘူး။ စစ်ခွေးတွေက အခုထိ ကင်းပုန်းချထားတုန်းပဲ မြေပြင် အခြေအနေတွေကို အတည်ပြုလို့ မရသေးဘူး”ဟု Yay Lal Kyun News အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၁၀ စီးကျော်ကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ညောင်ပင်ကြီးရွာ ဝင်ရောက် စီးနင်းချိန်တွင် ဗုံးပေါက်ကွဲသံ တစ်ချက် ထွက်ပေါ် ခဲ့ပြီးနောက် ဇာတ်ဆိပ်တွင် ရပ်ထားသည့် ပြည်သူပိုင် ဆိုင်ကယ် ၁၀ စီးကျော်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s