ယင်းမာပင်တွင် အကြမ်းဖက် စစ်တပ်က နှောရိုးရွာသား ကိုအောင်ဇော်သိန်းကို ပစ်သတ်ပြီး ရွာသာရွာနှင့် နှောရိုးရွာရှိ ပြည်သူပိုင် နေအိမ် အလုံး ၃ဝကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ခင်ဦးတွင်လည် အကြမ်းဖက် စစ်တပ်က မြို့သစ်ရွာသား ခံဦးမြင့်စိုးကို ပစ်သတ်ပြီး သိမ်တော်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နှောရိုးရွာသာ ကိုအောင်ဇော်သိန်းကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျေး ရွာ အတွင်းသို့ ဝင်ရောက် စီးနင်းစဉ် ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကိုအောင်ဇော်သိန်းကို နှောကုန်းရွာသို့ ဝင်ရောက် စီနင်းစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ရွာသာရွာနှင့် နှောရိုးရွာရှိ ပြည် သူပိုင် နေအိမ် အလုံး ၃ဝကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ ယင်းမာပင် မြို့နယ် ရွာသာရွာကို မီးရှို့ပြီး မုံရွာဘက်သို့ တက်သွားတဲ့ စစ်ကြောင်းက နှောရိုးရွာ အရောက်မှာ ပြည်သူတစ်ဦးကို ရက် စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရွာသာရွာ က အိမ်ခြေ ၂၅ လုံး မီးလောင်ပြာကျသွားတယ်။ နှောရိုးကျေးရွာသား ကိုအောင်ဇော်သိန်း ပစ်သတ်ပြီး စစ်တပ်က ပြည်သူပိုင် ၅လုံးကို မီးရှို့သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းမာပင် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၂မှ လိုက်လံ ပစ်ခတ်နေပြီး စစ် တပ်က ထွက်ပြေးနေကာ စစ်တပ် ပစ်သတ်ခဲ့သည့် ကိုအောင်ဇော်သိန်း ရုပ်အလောင်းကို ယင်းမာပင် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း၂မှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ခင်ဦးမြို့နယ် မြို့သစ်ရွာသား ဦးမြင့်စိုးကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၄ ရက်နေ့တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီး နင်းစဉ် ပစ်သတ်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ခင်ဦးမြို့နယ်အတွင်းရှိ ရွှေယမင်းရွာနှင့် သိမ်တော်ရွာတို့ကို ဝင်ရောက် စီးနင်းနေကာ ရွာလုံးကျွတ် ထွက်ပြေးနေပြီး သိမ်တော်ရွာကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စစ်တပ်သည် ယနေ့ နံနက် ၈နာရီခန့်တွင် ရွှေယမင်းရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁၁နာရီ ၅ဝ မိနစ်တွင် သိမ်တော်ရွာကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

” မြို့သစ်ရွာကိုတော့ မနေ့က အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ အသက် ၆ဝ အရွယ် ဦးမြင့်စိုးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာ စစ်တပ်က ဒီနေ့လည်း ရွှေယမင်းရွာနဲ့ သိမ်တော်ရွာက ပြည်သူပိုင် နေအိမ် တွေကို မီးရှို့နေတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် မြို့သစ်ရွာကို ဝင်ရောက် စီးနင်းစဉ် မြို့သစ်ကျေးရွာမှ ဘုန်းကြီး ဦးဉာဏ်ဏောဘာသနှင့် ဒေသခံ ပြည်သူ ၂ ဦးဖြစ်သည့် ဦးသန်းညွန့်စိန်နှင့် ကိုဂျက်ကီတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် ဖျက်ဆီးမီးရှို့ထားသော ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝ ခန့်ရှိကာ ဒေသခံပြည်သူ အများအပြားသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s