ရေဦးမြို့နယ်၊ မုံတိုင်ပင်နှင့်အင်ပင်ကျေးရွာများတွင် ပြည်သူ ၂၇ ဦးထက်မနည်းကို အစုလိုက် အပြုံလိုက် စစ်တပ်က သတ်ဖြတ်၊ မီးရှို့ထားသော အလောင်းများစွာ ပြန့်ကျဲ ကျန်ရစ်၊ ပြည်သူ ၃၀ ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုံတိုင်ပင်နှင့် အင်ပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေ လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂၇ ဦး ထက်မနည်း ကို ပစ်သတ်သွားကာ ပြည်သူ ၃၀ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်က ၎င်းတို့ သတ်ဖြတ်ထားသော ရုပ်အလောင်းများကို မီးရှို့ အလောင်းဖျောက်ဖျက်ခြင်း၊ ရေတွင်းများထဲသို့ ပစ်ချခဲ့ခြင်းနှင့် အိမ်အောက်ခြေများထဲသို့ ရုပ်အလောင်းများကို ထိုးထည့်ခဲ့ကြောင်း သိရသည်။
မုံတိုင်ပင်ကျေးရွာ အတွင်းမှ မီးရှို့ခံထားရသော အလောင်း ၁၇ လောင်း၊ အင်ပင်ကျေးရွာမှ မီရှို့ခံထားရသော အလောင်း ၁၀ လောင်း တွေ့ရှိရကြောင်း သိရှိရသည်။
စစ်တပ်က ကျေးရွာထဲသို့ ဝင်ရောက်ချိန်၌ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသောသူများ ဖမ်းမိပြီး ၅ ယောက် တစ်သုတ် ခေါ်သွားကာ သတ်ဖြတ် မီးရှို့မည့်အိမ်များအောက် ထည့်ထားကာ မီးရှို့ကြောင်း၊ မုံတိုင်ပင်ရွာထဲ ဖမ်းမိသော ပြည်သူများကိုလည်း ပစ်သတ်ကာ မီးရှို့မည့်အိမ်များအောက် ထည့်ထားကာ မီးရှို့သတ်ဖြတ်ကြောင်း သိရှိရသည်။
စစ်တပ်က ဖမ်းဆီးသွားသော ဘုန်းကြီး ၃ ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်ကာ မေလ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန် ရေဦးမြို့ ဝါဆိုကျောင်း၌ ပို့ထားသည်ဟု သိရှိရသည်။
ထို့ပြင် ပျောက်ဆုံးနေသူမှာလည်း ၃၀ ဦးရှိပြီး အမည်စာရင်းများမှာ
၁။ ဦးသိန်းမြင့်ရွှေ ( ၄၃ ) နှစ်
၂။ ဦးစိန်နိုင် ( ၅၀ ) နှစ်
၃။ ဦးကျော်အေး ( ၅၅ ) နှစ်
၄။ ဦးကျော်ခိုင် ( ၄၅ ) နှစ်
၅။ ဦးအောင်သန်းဆွေ ( ၆၃ ) နှစ်
၆။ ဦးသိန်းလင်း ( ၅၇ ) နှစ်
၇။ ဦးထွန်းလင်းအောင် ( ၂၅ ) နှစ်
၈။ ဦးအောင်ထူး ( ၅၀ ) နှစ်
၉။ ဦးကျော်ဇေလင်း ( ၃၉ ) နှစ်
၁၀။ ဦးကျော်မင်းအောင် ( ၃၈ ) နှစ်
၁၁။ ဦးဇော်မိုးလှိုင် ( ၃၀ ) နှစ်
၁၂။ ဦးမိုးခိုင် ( ၄၈ ) နှစ်
၁၃။ ဦးဇော်မင်းအောင် ( ၄၀ ) နှစ်
၁၄။ ဦးအောင်ဆန်းဝင်း ( ၄၄ ) နှစ်
၁၅။ ဦးသိန်းဟန် ( ၅၆ ) နှစ်
၁၆။ ဦးကံဝင်း ( ၅၅ ) နှစ်
၁၇။ ဦးမျိုးသန့် ( ၄ဝ ) နှစ်
၁၈။ ဦးဇော်လွင် ( ၄၂ ) နှစ်
၁၉။ ဦးဝင်းမြင့် ( ၄၅ ) နှစ်
၂၀။ ဦးကျော်သူ ( ၃၃ ) နှစ်
၂၁။ ဦးကျော်ပိုင် ( ၄၂ ) နှစ်
၂၂။ ဦးကျော်ခိုင် ( ၄၅ ) နှစ်
၂၃။ ဦးမြင့်ထွန်း ( ၅၅ )နှစ်
၂၄။ ဦးညီညီမင်း ( ၃၅ ) နှစ်
၂၅။ ဦးကျော်စွာမင်း ( ၄၁ )နှစ်
၂၆။ ဦးမင်းယုဝေ ( ၄၈ ) နှစ်
၂၇။ ဦးလုံးရွှေ ( ၃၀ ) နှစ် ကပ္ပိယ
၂၈။ ဦးဝင်းကျော် ( ၅၀ ) နှစ်
၂၉။ ဦးစိုးစိုးထွန်း ( ၃၃ ) နှစ်
၃၀။ ဦးစိုးထွန်း ( ၄၅ ) နှစ် တို့ဖြစ်ကြသည်။
စစ်တပ်က မုံတိုင်ပင် ကျေးရွာ အနီးရှိ နှောကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး၊ အင်ပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၂ လုံး၊ ချမ်းသာရွာမှ ပြည်သူ ပိုင်နေအိမ် ၂၁ လုံး၊ ဆီဆုံရွာမှ ပြည်သူပိုင် နေအိမ် ၇ လုံး၊ သံသည်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် မုံတိုင်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၂၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“အလောင်းတွေဟာ ရွာထဲမှာ ပြန့်ကျဲနေသလို ဘယ်သူမှလည်း မကောက်ရဲကြသေးဘူး။ PDF တပ်သားတွေက မီးရှို့ခံထားရတဲ့ အိမ်တွေကို အတတ်နိုင်ဆုံးမီးငြှိမ်းသတ်ပေးပြီး လုပ်နိုင်သမျှလုပ်ပေးနေပါတယ်။ မီးထဲပါသွားတာ လက်ရှိ သိရသလောက် ၂၉ အိမ်လောက်ရှိပါတယ်။ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ မှန်းကို မသိသေးတာဗျ။ သွေးကွက်တွေလည်း တွေ့တယ်။ မီးမရှို့ခံရခင် ပစ်သတ်ခံရတယ်လို့ ယူဆလို့ ရပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
မုံတင်ပင်ရွာသည် အိမ်ခြေ ၄၈၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်နေထိုင်သည့် ကျေးရွာကြီး တစ်ရွာဖြစ်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေ အိမ်များမှ ပစ္စည်းများနှင့် ငွေကြေးများကိုလည်း အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီး မုံတိုင်ပင်ရွာ အရှေ့ဘက်ရှိ အောင်သာယာရွာ ပျူစောထီးများကလည်း ဆီ ၂၂ ပုံး၊ စပါး တင်း ၁၅၀ ၊ ပဲထောပတ် ၁၀ တင်းကို ခိုးယူသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။khit thit