ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ စခန်းမှူး CD M ရဲဘော်ချစ်ကောင်း ညောင်ရွှေမြို့နယ်တိုက်ပွဲတွင် ကျဆုံး

ရှမ်းပြည်တောင်ပိုင်း (၁၀၀၈)တပ်ရင်းမှ စခန်းမှူး CDM ရဲဘော်ချစ်ကောင်းသည် ယနေ့ မေလ ၁၅ ရက် နေ့တွင် ညောင်ရွှေမြို့နယ် ထီရီး ၊ ဆောင်နန်းခဲဖက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကိုခုခံရင်း ကျဆုံးသွားကြောင်း သိရသည်။
“ သတင်းကောင်းတွေရှိပေမယ့် သတင်းဆိုးကိုအရင်ထုတ်ပြန်ပါရစေ။ ကျွန်တော်တို့ရဲ့ ရဲဘော်ချစ်ကောင်း (CDMer) ကျွန်တော်တို့ (၁၀၀၈) တပ်ရင်းရဲ့စခန်းမှူးသည် အကြမ်းဖက်စစ်ကောင်စီကို ခုခံရင်းကျဆုံးသွား ပါသောကြောင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းခြင်းများစွာဖြင့်ထုတ်ပြန် လိုက်ရပါတယ်။ ကျဆုံးသွားသော ရဲဘော်ချစ်ကောင်းအား မိမိတို့ (၁၀၀၈) တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုအပ်ပါ သည်” ဟု ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစု ငါးဖွဲ့ပူးပေါင်းထားသည့် ရှမ်းတောင် တော်လှန်ရေးလူငယ်များအဖွဲ့(SSRY) တပ် ရင်းသည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ (၃)၊ ၁၀၀၈ တပ်ရင်းအ ဖြစ် တရားဝင် တာဝန်ထမ်း ဆောင်ခွင့်ရပြီဖြစ်ကြောင်း မေလ ၁၄ ရက် ညပိုင်းက ကြေညာထားသည်။
အဆိုပါ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်းကို ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်တွင် SSRY Eagle Force ၊ Dragon Force၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force တို့ဖြင့် စုစည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ယခင်သုံးစွဲခဲ့သည့် ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ SSRY Eagle Force Page နှင့် Tai PDF Cobra Force Page အားတပ်ရင်း (၁၀ ၀၈)၏တပ်ခွဲများအဖြစ် လူမှုကွန်ရက်စာမျက်နှာ (Facebook Page) တွင် အမည်ပြောင်းလဲသုံးစွဲထားခြင်းဖြစ်သည်။
NUG ၏ တရားဝင်တပ်ရင်းတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီဖြစ်၍ NUG ကာကွယ်ရေးဝန်ကြီး ဌာန၏ မူဝါဒများနှင့်အညီ ၎င်းတို့နှင့် ရည်ရွယ်ချက်တူသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၁၀၀၈)၏ မေလ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက် တွင် အသိပေးထားသည်။
မေလ ၁၅ ရက် နံနက် ၈ နာရီမှစ၍ ယခုသတင်းရေးသားချိန် ညနေ ၄ နာရီ ဝန်းကျင်အထိ တိုက်ပွဲပြင်း ထန်နေဆဲဖြစ်သောကြောင့် စစ်ရေးသ တင်းအခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်တင်ပြသွားမည် ဖြစ်သည်။
စစ်ကောင်စီဘက်မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ဆက်တိုက်ထိုးစစ်ဆင်နေကြောင်းလည်း (၁၀၀၈)တပ်ရင်း၏ ညနေ ၄ နာရီဝန်းကျင် ထုတ်ပြန်ချက်များအရ သိရသည်။ mizzima