ရေစကြိုမြို့နယ် ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံး၊ PDF ၁ ဦးကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်သား ၂၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကာ PDFများဘက်မှလည်း ရဲဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တလုပ်က ယမန်နေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် မေလ ၁၂ ရက်တွင် ရေစကြိုမြို့နယ် ဘိစက်ကုန်းရွာနှင့် လှေကုတ်ရွာများရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဆက်လက်စစ်ကြောင်းထိုးလာစဉ် People Defence Force – Taloke ( မြင်းခြံခရိိုင်တပ်ရင်း – ၂) ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစု ၁၉ ဖွဲ့က လမ်းကြောင်းဖြတ်တောက် တိုက််စစ်ဆင်ခဲ့သည်ဟု သိရသည်။
မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ လှေကုတ်ရွာအတွင်းသို့ တပ်ဆုတ်ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
လှေကုတ်ရွာအတွင်းသို့ တပ်ဆုတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သည် မေလ ၁၃ ရက်တွင် လှေကုတ်ရွာအတွင်းရှိ နေအိမ်များကို ထပ် မံမီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ကြောင့်မဟာမိတ်တပ်ပေါင်းစုများက မီးငြှိမ်းသက်ရန် ရွာခြေအထိ သွားရောက်ချိန်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ဆီးကြိုကာ ချုံခိုတိုက်ခိုက်ခဲ့၍ မဟာမိတ်တပ်ပေါင်းစုဝင် ဘီလုံးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ mizzima