NUG နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင် ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်တွင် အလွတ်သ ဘော တွေ့ဆုံ

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်တွင် အလွတ်သဘောတွေ့ဆုံခဲ့သည်။
NUG ဝန်ကြီးဒေါ်ဇင်မာအောင်က NUG အစိုးရရင်ဆိုင်နေရသည့်အခြေအနေများ၊ မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအ ကူအညီ၊ နည်းပညာသင်တန်းနှင့် ပညာရေး အပါအဝင် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု မလေးရှားနိုင် ငံခြားရေးဝန်ကြီး Saifuddin Abdullah
က လူမှုကွန်ရက်တွင် ရေးသားထားသည်။
မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရေးသားထားသည်။
မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကျင်းပနေချိန်တွင် ဝါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်ကာ အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်းနှင့်လည်း လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။mizzima