AA က ရိုဟင်ဂျာများကို စည်းရုံးနေပြီး စစ်ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အ ပြင် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက် တိုက်ပွဲခေါ်နေပြီဟု ဇော်မင်းထွန်းပြော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမနှင့်ပတ်သက်သောပုဂ္ဂိုလ်ရေးကိစ္စများပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆို

အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက AA က ရိုဟင်ဂျာများကို စည်းရုံးနေပြီး စစ်ကောင်စီယန္တရားကို အစားဝင်ထိုးနေသည့်အပြင် တိုင်းစစ် ဌာနချုပ်ကို ခြိမ်းခြောက်တိုက်ပွဲခေါ်နေသည်ဟု ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“AAအနေနဲ့ အစိုးရလုပ်ငန်းယန္တရားတွေကို ဝင်ရောက်လုပ်ဆောင်တာတွေ ဝင်ရောက်နှောင့်ယှက်တာတွေတွေ့ရပါတယ်။ တော်တော်တော့သည်းခံရပါတယ်။ ဒီတရား စီရင်ရေးစနစ်တွေကအစ သူတို့ဆီမှာ လာပြီးတော့ တရားစီရင်ရမယ်ဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ AA အနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင်ပေါ့ ၂၀၂၂ ဇန်နဝါရီလလောက်ကစပြီး ———-(ရိုဟင်ဂျာ) တွေနဲ့ပတ်သက်ပြီး လိုက်လံစည်းရုံးတာပေါ့။ ကျနော်တို့ သိရတဲ့ မှတ် တမ်းအရ ဆိုရင် အနည်း ဆုံး ၁၀ ကြိမ်နီးပါးလောက်ရှိပြီ။ သူတို့ ဘာတွေစည်းရုံးခဲ့လဲဆိုတာ ကျနော်တို့သိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အကဲဆတ်တဲ့လုပ်ငန်းဖြစ်တယ်” ဟု ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် AA သည် တိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက်ပြီး တိုက်ပွဲခေါ်နေပြီဖြစ်ကြောင်း၊ ပြဿနာဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်လည်း ၎င်းက ပြောဆိုသည်။
“နောက်တစ်ခုကတော့ နောက်ပိုင်းမှာ AA အနေနဲ့ သူတို့ ပြောတဲ့စကားတွေမှာ တိုက်ပွဲခေါ်နေတဲ့ပုံစံ၊ လက်နက် ကိုင် ပဋိပက္ခကို ခေါ်နေတဲ့ပုံစံမျိုး ကျနော်တို့ တွေ့ရလာရပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို ခေါ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ တိုင်းစစ်ဌာနချုပ်ကိုလည်း ခြိမ်း ခြောက် လာတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက္ခမ ဦးစံကျော်လှကို ပြည်ပထွက်ခွင့်ပြုသည့်ကိစ္စကိုပါ ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။
“ပုဂ္ဂလိက ဆိုင်ရာ ပြောချင်ပါတယ်။ AA က ခေါင်း ဆောင် ဖြစ်တဲ့ ထွန်းမြတ်နိုင်ရဲ့ မိန်းမနဲ့ကလေးတွေ ဆွစ်ဇာလန်မှာ ရှိပါတယ်။ သူရဲ့ အဖေ ၊ ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဦးစံလှကျော် (ဦးစံကျော်လှကို နာမည်မှားပြီး ဇော်မင်းထွန်းပြော) ၊ ယခင်က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ။ ဦးစံလှကျော် က ၂၀၂၁ နိုဝင်ဘာလ လောက်မှာ သူ့သမီးနဲ့ မြေးဆီကို လိုက်သွားချင်တဲ့အကြောင်း ——(မင်းအောင်လှိုင်) ဆီတင်ပြတယ်။ ဒါနဲ့ပတ် သက်ပြီး လူသားချင်းစာနာထောက်ထားမှု ငြိမ်းချမ်းရေး ရှေးရှုပြီး လွှတ်ပေးလိုက်တယ်။ လွတ်လွတ်လပ်လပ်သွားခိုင်းတယ်” ဟု ဇော်မင်းထွန်း က ပြောဆိုသည်။ khit thit