ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ် ချုပ်ရေးမှူးအိမ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်  သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အောက်ညဉ့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေရဲ့ သမက် ဖိုးချို၊ သူကောင်းတည် ရာအိမ်မှူး ဦးမောင်မြင့်နဲ့ မန္တလေး ဘက်ကလာတဲ့ ဦးကျော်ကျော်မင်း တို့ဖြစ်တယ်လို့ ဒေသသခံတွေထံက သိရပါတယ်။

အောက်ညဉ့်ရွာ အုပ်ချုပ်ရေးမှူး စန်းရွှေ နေအိမ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ သွေးသောက်အဖွဲ့ ဖွဲ့စည်းဖို့ အစည်းဝေးလုပ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ TTA-ပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ Bagan Heros Guerrilla Force (B.H.G.F)၊ 27 Revolution Force(MGN) တို့က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့  ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးပြီး ၁ ယောက်ကတော့   ဒဏ်ရာပြင်းထန်ရသွားတယ်လို့ 27 Revolution Force(MGN) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရသွားသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဟုတ်မဟုတ်တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s