ရန်ကုန်တွင် ယနေ့ နံနက် စက်သုံးဆီ ဝယ်ယူရန် ကားများ တန်းစီနေရပြန်

ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်း စက်သုံးဆီ ဝယ်ယူရန် ကားများ ဆီဆိုင်များတွင် စုပြုံတန်းစီနေရပြန်ကြောင်း ရန်ကုန်မြို့ခံ ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

စက်ဆုံးဆီဆိုင်အတော်များများတွင် 92 ဓာတ်ဆီနှင့် 95 ဓာတ်ဆီ လတ်တ လော လက်ကျန်ပြတ်တောက်နေသည်ဟု ဆိုသဖြင့် ဓာတ်ဆီ ရရှိသော ဆိုင်များတွင် ကားများ ကြိတ်ကြိတ်တိုး တန်းစီနေရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက စက်သုံးဆီများ အလုံအလောက်ရှိကြောင်း ယ မန်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပြီး စက်သုံးဆီ အသင်းဘက်ကလည်း ဆီပြတ်လပ်ခြင်းမရှိဟု ကြေညာချက် ထုတ်ပြန်ထားကြောင်း၊ သို့ရာတွင် ကားများ တိုးကြိတ် တန်းစီနေရသည်ဟု ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

“ဒီနေ့ 92 နဲ့ 95 ဆီစျေးတွေ ပြန်ကျတယ်။ မနေ့ တစ်လီတာကို ၂၂၀၀ ကျော်တယ်။ ဒီနေ့ တစ်လီတာကို ၂၂၀၀ အောက်ကို ပြန်ဆင်းတယ်။ ဆီတော့ ဆိုင်တိုင်းမရတော့ ရတဲ့ဆိုင်မှာ တိုးနေကြတာ။ ဆီအလုံအလောက်ရှိတယ် ပြောပေမယ့် တိုးနေရတယ်။ မနက် ၇ ခွဲ ကတည်းက တန်းစီနေတာပါ။ ရှေ့မှာတော့ ကားအတော်များတယ်” ဟု ရန်ကုန်မြို့ခံ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းများက စက်သုံးဆီသင်္ဘော ၄ စီးဖြင့် စက်သုံးဆီ တန်ချိန် ၇၁၈၀၀ ပင်လယ်၀တွင် ရောက်ရှိ ဆီချနေပြီဟု ယမန်နေ့က ထုတ်ပြန်ကြေညာပြီး အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအ လောက်ရှိသည်ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့ စက်သုံးဆီဆိုင်အများစုတွင် 92 ဓာတ်ဆီနှင့် 95 ဓာတ်ဆီများ မရှိတော့၍ ယာယီ အရောင်းရပ်ဆိုင်းခဲ့ကြကြောင်း သိရှိရသည်။

“မနေ့က ဆိုင်တော်တော်များများ ဒီဇယ်ပဲရတယ်။ တချို့ဆိုင်တွေ 92 ၊ 95 မရှိလို့ပါ ဆိုပြီး မရောင်းပေးဘူး။ ဒီနေ့တော့ ဆိုင်တချို့မှာ ဓာတ်ဆီရောင်းပေမယ့် ကားများတယ်။ တန်းစီရတယ်” ဟု ဗဟန်းစက်သုံးဆီဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးကဆိုသည်။

DENKO စက်သုံးဆီရောင်းချသည့်ကုမ္ပဏီက စက်သုံးဆီ ပြတ်လပ်နေ၍ အခြားကုမ္ပဏီများထံမှ ချေးငှား ရောင်းချနေရကြောင်း၊ လက်ကျန်ကုန်ပါက စက်သုံးဆီဆိုင် ၃၈ ဆိုင်ကို အရောင်း ခေတ္တ ရပ်နားမည်ဟု ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ ယမန်နေ့က တင်ပြထားသည့် စာမှာလည်း အွန်လိုင်းပေါ်တွင် ပျံနှံ့ခဲ့သည်။

ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသော စက်သုံးဆီလုပ်ငန်းရှင်တချို့၏ အဆိုအရ စစ်ကောင်စီက သွင်းကုန် ဒေါ်လာအသုံးပြုမှု ထိန်းချုပ်ထားကြောင်း၊ ပို့ကုန်ရငွေများကို မြန်မာငွေ ပြောင်းလဲခိုင်းပြီး သွင်းကုန်တင်သွင်းရန် အမေရိကန်ဒေါ်လာ အလုံအလောက် ဗဟိုဘဏ်က ပြန်လည် ရောင်းချပေးခြင်းမရှိဘဲ အဆင့်ဆင့် တင်ပြခိုင်းနေသဖြင့် အချိန်ကြန့်ကြာကာ စက်သုံးဆီ လိုသလောက် တင်သွင်းခွင့်မရသည့် အခြေအနေမျိုးဖြစ်နေကြောင်း ပြောဆိုသည်။

“ပို့ကုန်ရငွေဒေါ်လာတွေ အကုန်ကို တစ်ဒေါ်လာ ၁၈၅၀ နဲ့ စျေးဖြတ်ပြီး မြန်မာငွေ ပြောင်းတယ်။ သွင်းကုန်အတွက် ဒေါ်လာ ပြန်ဝယ်ချင်ရင်တော့ သတ်မှတ်စျေးထက် တစ်ဒေါ်လာကို ၂၀၀ ပိုပေးရတယ်။ သူတို့ခွင့်ပြုချက်စောင့်ရတယ်။ သူတို့ကလည်း အပြင်ပေါက်စျေးထက် စျေးသက်သာတော့ လိုသလောက်မပေးဘူး။ အပြင်ပေါက်စျေးက တစ်ဒေါ်လာ ၂၀၀၀ ကျော်တယ်။ အပြင်ကဒေါ်လာ ဝယ်ပြီးတော့လည်း ဘဏ်ထဲထည့်လို့မရဘူး။ အကုန်ထိန်းထားတယ်။ အဲလို ဝယ်ထည့်လည်း ကိုယ်က အရှုံးချည်းပဲ” ဟု ပို့ကုန်/သွင်းကုန်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s