ရန်ကုန် သန်လျင် ဗိုလ်နဂါး ပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ၊ ဆက်စပ်မှုရှိသူများကို သတိထားရန် အသိ ပေး

ရန်ကုန်သန်လျင် ဗိုလ်နဂါးပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

မေလ ၁၈ ရက်နေ့ ညပိုင်းတွင် သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီးကို လှိုင်သာယာတွင် စစ်တပ်၏ ဧည့်စာရင်း စစ်မှုအတွင်း အဖမ်းခံလိုက်ရကြောင်း၊ ယခင်တစ်ပတ်ကတည်းက ကိုဘူးသီး၏ ဇနီးနှင့် ယောက္ခမဖြစ်သူကို စစ်တပ်က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီး အဖမ်းခံလိုက်ရပြီးနောက် ယနေ့ညပိုင်းတွင် အဖွဲ့ဝင် ၄ ဦးကို လက်နက်များနှင့်တကွ ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“သန်လျင်ဗိုလ်နဂါးအဖွဲ့တာဝန်ခံကိုဘူးသီးကို လှိုင်သာယာမှာ အဖမ်းခံလိုက်ရတယ်။ နောက်ထပ်၄ ဦးကို ထပ်မံဖမ်းတယ်။ အမူထမ်းနယ်မြေ ၁၀ သမာဓိလမ်းမှာ ဖမ်းတာ။ အမှုထမ်းနယ်မြေမှာ လက်ပစ်ဗုံး ၉ လုံး ပစ္စတို ၃ လက် ကျည်အတောင့် ၉၆ တောင့် သိမ်းဆည်းသွားတယ်။ အဆက်အစပ်ရှိတဲ့သူတွေအနေနဲ့တော့ သတိထားဖို့ သတိပေး အသိပေး ချင်ပါတယ်” ဟု သန်လျင်သတင်းရင်းမြစ်က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s