တနင်္သာရီမြို့နယ်၊ တကူရွာမှာ စစ်တပ်က က လေးငယ်တစ်ဦးနဲ့ရွာသားတစ်ဦးကိုပစ်သတ် ၊ အင်တာနက်လိုင်းဖြတ်တောက်ထားပြီး ပြည်သူအားလုံး ထွက် ပြေးနေရ

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်းမြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူရွာမှာ ကလေးငယ်တစ်ဦးနဲ့ရွာသားတစ်ဦးပစ်သတ်ခံခဲ့ရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မေလ ၂၀ ရက်က အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စိတ်ဝေဒနာခံစားနေရတဲ့ကလေးငယ်နဲ့ ရွာသားတစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တကူရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို လက် နက်ကြီးတွေအဆက်မပြတ်အသုံးပြုပစ်ခတ်ခဲ့လို့ ဒေသခံတွေထောင် ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသခံရွာသားတချို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီနေ့နံနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးထပ်ထိုးတာတွေလုပ်ဆောင်နေတဲ့အပြင် တကူရွာနဲ့ သိန္ဓောရွာတို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတယ်လို့သိရပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s