မန္တလေး ဆေးတက္ကသိုလ်CDM ကျောင်းသား ကိုကျော်ညီဇင်ကို စစ်တပ်က ပစ်သတ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသူ မဟန်နီဦးနှင့် ဦးလေး ဖြစ်သူကို စစ်တပ် လက် အောက်ခံ အဖွဲ့က ပစ်သတ် ၊ မန္တလေးတွင် PDF ရဲဘော်ရာဟု၏ မိခင်နှင့်ညီမဖြစ်သူတို့ကို သွေးသောက်အဖွဲ့က သတ်ဖြတ်

မန္တလေးတွင် ဆေးတက္ကသိုလ် ကျောင်းသား ကိုကျော်ညီဇင်ကို မေလ ၂ဝ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

ကိုကျော်ညီဇင်သည် မိသားစုဝင်များနှင့် အိမ်စီးကားဖြင့် သွားလာနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးနှောက် ကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး ကိုကျော်ညီဇင်သည် အကြမ်းဖက် စစ်တပ်က တရားမဝင်ဖွင့်လှစ်ထားသော တတိယနှစ် အမ်ဘီဘီအက်စ်(ပုံမှန်) သင်တန်းကိုလည်း တက် ရောက်ခြင်းမပြုဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော ကျောင်းသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သော ဆေးတက္ကသိုလ်-မန္တလေးမှ ကျောင်းများအား အာဏာသိမ်းစကတည်းကပင် ယခုချိန်ထိတိုင် တရားမျှတမှု ကင်းမဲ့စွာ ဖမ်းဆီးထားလျက်ရှိပြီး ယခုအခါတွင် ရဲဘော် ကျောင်းသား တစ်ဦး ကျဆုံးခဲ့ရကာ တရားမျှတမှု မရှိစွာ ကျဆုံးခဲ့ရသော သပိတ်မှောက်ကျောင်းသား ကိုကျော်ညီဇင်အား လေးစားသောအားဖြင့် ကျောင်းပရဝုဏ်အတွင်း အကြမ်းဖက် စစ်တပ် မပြုတ်ကျမချင်း ဖက်ဒရယ် ဒီမိုကရေစီ မရမချင်း ခြေလှမ်းလှမ်းခြင်းမပြုရန် ဆေးတက္ကသိုလ်ကျောင်းသားထုအား မေတ္တာရပ်ခံပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ပြည်သူများ အနေဖြင့် စစ်အာဏာရှင် အပြီးတိုင် ချုပ်ငြိမ်းသွားစေရန် အဆုံးထိတိုင် ထပ်မံအားစိုက်ကာ တောင်းဆိုကြောင်းနှင့် သပိတ်မှောက် ကျောင်းသား ကိုကျော်ညီဇင်ကို ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားထုက အစဉ်အမြဲ အောက်မေ့ သတိရနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန် သာကေတမြို့နယ် ရရပ်ကွက် အောင်သပြေလမ်းနှင့် စံပယ်လမ်းထိပ်တွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် နောက်ဆုံးနှစ် ရူပဗေဒ ကျောင်း သူ မဟန်နီဦးနှင့် မိသားစုဝင် ၂ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့က မေလ ၁၉ ရက်နေ့တွင် ပစ်သတ်ခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်အတင်း မဟန်နီဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ ဦးလေး တော်စပ်သူသည် ဆေးရုံ၌ သေဆုံးခဲ့ကာ မိခင် ဖြစ်သူမှာ ဆေးရုံတွင် ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို ချမ်းအေးသာစံမြိုနယ် ၈၆ လမ်း၊ ၃၃ x ၃၄ လမ်းကြားတွင် သွေးသောက်အဖွဲ့လည်ဆွဲ ချိတ်ဆွဲထား‌သော အလောင်း ၂ လောင်းတွေ့ရှိရကြောင်း၊ အဆိုပါ အလောင်း ၂လောင်းမှာ မြိုင် PDF အဖွဲ့မှ ရဲဘော် ရာဟု ၏ မိခင်ဒေါ်မြမြနှင့် သမီးတို့ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s