တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် စစ်တပ်က ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ စစ်တပ် ၏သတ်ဖြတ်ခံရသူတစ်ဦးမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် မေလ ၂၀ ရက်နေ့မှ စတင်ပြီး စစ်တပ်က ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်တပ်၏ သတ်ဖြတ်ခံရသူတစ်ဦးမှာ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့မှ မေလ ၂၁ ရက်နေ့အတွင်း တကူရွာမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စိတ်ဝေဒနာခံစားနေရတဲ့ကလေးငယ်နှင့် ရွာသားတစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် သရဘွင်ကျေးရွာမှ ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး တစ်ဦးမှာ ရက် ရက်စက်စက် ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်ကြောင်း၊ သာရဘွင်ကျေးရွာမှ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

” သရဘွင်ကျေးရွာမှာ အသတ်ခံရသူတွေက ထီးကော်၊ ကော်ဖူး မေထီးဒါရဲ့ ခင်ပွန်း ၃ ဦးအသတ်ခံရတာ။ ကော်ဖူးကို တော့ ခေါင်းဖြတ်သတ်တယ်။ကျန်နှစ်ယောက်ကိုတော့ ပစ်သတ်တယ်။ ကော်ဖူး ခေါင်းကိုတော့ ခုထိ မတွေသေး ကိုယ်လုံးပဲ ပြန်တွေ့သေးတယ်။ ဒီသုံးဦးလုံးက သရဘွင်အရှေ့ကမ်းရွာ သားတွေဖြစ်တယ်။ တကူရွာမှာလည်း ၂ ဦး အသတ်ခံရတော့ စုစုပေါင်း ၅ ဦးအသတ်ခံရထားရတယ်။ အခုက ရွာတွေကို ပြန်မကြည့်ရဲသေးတော့ စစ်တပ်က သတ်ထားတွေ ဒီထက်ပိုရှိနိုင်သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၁၄၀၀၀ နီးပါးရှိနေပြီး ကျေးရွာများကို စွန့်ခွားထွက်ပြေးနေရကြောင်း၊ မိုးများ ရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေရသည်ဟု သိရှိရသည်။

“တကူ တိုက်နယ်အတွင်းရှိ သံတိုက် -ရွာမ-အင်းရှည်ကုန်း -ပြည်အေး -တကူငယ် အလယ်ပိုင်း -လမိုင်းကော့ -သာရဘွင် -အရှေ့ကမ်းကျောက်တောင်-စံပယ်ကုန်း -သာယာကုန်း -မယ်ငေါ့ တလိုင်းတပ် ရွာတွေမှာ စစ်တပ်က ခေါင်းဖြတ် သတ်တာ၊ လက်နက်ကြီးအသုံးပြုတာ၊ နေအိမ်မီး ရှို့တာတွေ လုပ်ဆောင်ပါတယ်။ ပြည်သူတွေအားလုံး ထွက် ပြေးနေရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s