ကန့်ဘလူမြို့နယ် ဇီးပင်သာကျေးရွာက ပျူဒလန်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာ ကျေးရွာနှင့် နီးစပ်ရာ ကျေးရွာများမှ လူငယ်များကို ပျူသင်တန်း တတ်ရန် လိုက်လံ စည်းရုံးနေသည့် ပျူစောထီးအဖွဲ့ဝင် ဒလန်ဆိုသူ ဦးထွန်းလှိုင်
သေနတ်ဖြင့် ပစ်ခတ်ခဲ့ရ၍ သေဆုံးသွားကြောင်း သိရသည်။
၎င်းအား ဇီးပင်သာ ကျေးရွာအနီးတွင် မေလ ၂၁ ရက် ညနေ ၅ နာရီခန့်က 9mm ကျည်အမျိုးအစားဖြင့် ပစ်ခတ်ခဲ့ကြောင်း KBU-UG အဖွဲ့မှ ဗိုလ်ရသက ပြောသည်။
“ထွန်းလှိုင်က နီးစပ်ရာ ကျေးရွာက လူငယ်တွေကို ပျူသင်တန်း တတ်ဖို့ စည်းရုံးရေး ဆင်းနေတဲ့သူပါ ။ ကျွန်တော်တို့ UG အဖွဲ့ အနေနဲ့ မရှင်းခင် တစ်ပတ်ကြိုပြီး သတိပေးစာ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆက်လုပ်တယ် ။ တော်လှန်ရေးအင်အားစု က ရဲဘော်တွေကို နောက်ယောင်ခံတယ်။ ပြီးတော့ စစ်တပ်ကို သတင်းပေးတယ် ။ ဒါကြောင့် မေလ ၂၁ ရက် ညနေပိုင်း ၅ နာရီ မှာ ပျူသင်တန်း က အပြန် ဇီးပင်သာ တောထဲမှာ 9mm ကျည် နှစ်တောင်နဲ့ ပစ်သတ်ခဲ့တာ”ဟု KBU-UG အဖွဲ့ မှ ဗိုလ်ရသက ဆိုသည်။
ကန့်ဘလူမြို့နယ်သည် စစ်တပ်ထောက်ခံသူများ ပြီး CDM ဝန်ထမ်းများ ကို နောက်ယောင်ခံခြင်း ၊ ဖိအားပေး ခြိမ်းခြောက်ခြင်းများလည်း ရှိနေသည်ဟု ဗိုလ်ရသက ဆိုသည်။ mizzima