ထန်တလန်မြို့ကို စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့

ချင်းပြည်နယ် ထန်တလန်မြို့အား စစ်ကောင်စီတပ်မှ မေလ ၂၃ ရက် ယနေ့ ထပ်မံမီးရှို့ခဲ့ကြောင်း သိရ သည်။

“မီးရှို့ခံရတာမှန်ပါတယ် ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Thantlang Placement Affairs Committee – IDP help က တာဝန်ရှိသူတစ်ဉီးမှ ပြောသည်။

မိုးတွင်းကာလဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေသည့်အပြင် အင်တာနက်လိုင်းများ လည်း ဆက်သွယ်မရရှိသော ကြောင့် မြေပြင်နှင့်အဆက်အသွယ်ရရန် ခက်ခဲနေကြောင်းဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးများနှင့်ပစ်ခတ်ပြီး မြို့အစွန်ပိုင်းရှိ ကျောင်းရပ်ကွက်တွင် မီးလောင်ကျွမ်းခဲ့ ကြောင်းဒေသခံများထံမှ သိရသော် လည်း မဇ္စျိမအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ရှိ/မရှိနှင့် အပျက်အစီး အဆုံးအရှုံးအား မသိရှိရသေးပေ။

ထန်တလန်မြို့တွင် ဒေသခံများနေထိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီတပ်များနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များသာ နေထိုင်လျက်ရှိရာ ကြိုးကြားပစ်ခတ်မှုများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပစ်ခတ်ခံရပါက ကျည်လာရာလမ်းကြောင်းထင်ရသည့်ဘက်သို့ လက်နက် ကြီးငယ်များသာမက မီးလောင်ဗုံးများနှင့် ပစ်ခတ်သဖြင့် အိမ်များမီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ဧပြီလ ၂၂ ရက်နေ့ က စစ်ကောင်စီတပ်များမှ ၂၇ ကြိမ်မြောက်အဖြစ် ထန်တလန်မြို့ပေါ်ရှိအိမ်များကို မီးရှို့ခဲ့ရာ လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၁၈၀၀ ဝန်းကျင်ရှိပြီး ၁၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း အကူ အညီပေးရေးအဖွဲ့အစည်းများမှ ကောက် ယူထားသော စာရင်းများအရသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s