NUCC တွင် NLD ပါတီ မပါဝင်တော့ဘဲ နုတ်ထွက်သွားပြီဆိုသော သတင်းအမှား များဖြင့် တော်လှန်ရေးနှင့်ညီညွတ် ရေး ပြိုကွဲစေရန်၊ သွေးကွဲစေရန် လုပ်နေမှုများ ပြည်သူများ သ တိထားကြရန် NLD ဗဟိုအလုပ်အမှုဆောင်နှင့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် သတိပေး

အမျိုးသားညီညွတ်ရေးကောင်စီ NUCC တွင် NLD ပါတီ ပါဝင်တော့ခြင်းမရှိဘဲ နုတ်ထွက်သွားပြီဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ NUCC အမျိုးသားညီညွတ်ရေး ကောင်စီမှာ NLD က နုတ်ထွက်တယ်ဆိုပြီး မပါတော့ဘူးဆိုပြီး သတင်းတွေ ထွက်နေတာ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဖြေကြားပေးပါဦး။

ဖြေ။ ။ NUCC မှာ ကျနော်တို့က အပြည့်အ၀ ပါဝင်နေပါတယ်။ NUCC မှာ ကျနော်တို့ ၂၀၂၀ အနိုင်ရ ကိုယ် စားလှယ် များ အစုအဖွဲ့မှာ ၁၄ ယောက်ကျနော်တို့ ပေးထားတယ်။ ကောင်စီမှာ ပါနေတယ်။ NUCCC မှာ Joint Committeeတွေမှာလည်း CRPH က ကိုယ်စားလှယ်တွေကို ပေးထားတယ်။ ဘယ်ကိုယ်စားလှယ် တွေက သင့်တော်တယ်။ တိုင်းနဲ့ ပြည်နယ်တွေလည်း အစုံပါအောင်။

CRPH အနေနဲ့ ရော မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ်စားလှယ်တွေရော မျှပြီးတော့ စဉ်းစားရတယ်။ တာဝန်တစ်ခုပေးတဲ့အခါမှာ လက်တန်းထိုး ကောက်ပြီး ပေးလို့မရဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ ကိုယ် စားလှယ်တွေနဲ့လည်းပဲ ညှိနှိုင်း ဆက်စပ်ရတယ်။ ဘယ်ကော်မတီတွေမှာ ဘယ်သူတွေက သင့်တော်တယ်ဆိုတာမျိုးပေးရတယ်။ CRPH အနေနဲ့ကတော့ NLD က အဓိက အများစုပါပဲ။ အဲဒါတွေက အကုန်လုံး ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ပါတီအနေနဲ့ကျတော့ နုတ်ထွက်တယ်ဆိုတာက Misunderstanding နားလည်မှုတွေ လွဲနေအောင် အကုန်လုံးလုပ်နေတာ။ NLD ပါတီအနေနဲ့ ပြည်သူ့ညီလာခံ လုပ်တဲ့အခါတုန်းက တချို့တချို့သော အဖွဲ့အစည်းတွေက သူတို့ ရဲ့ ကိုယ်စားလှယ်တွေက ပြည်တွင်းထဲမှာ ရှိနေကြတယ်။ လုံခြုံရေးအရ အမည်မဖော်ဘဲ ပါပါရစေ၊ ပါလို့ရတယ်ဆိုပြီး လုပ်ခဲ့တာရှိတယ်။ လက်မှတ်ထိုးစရာမလိုဘူးဆိုတဲ့ သဘောတူညီချက်ရှိနေတာ။

ကျနော်တို့ ပါတီဝင်တွေကလည်း အထဲမှာပဲ။ ကျနော်တို့ ခေါင်းဆောင်တွေကလည်း ထိန်းသိမ်းခံထားရတယ်။ ထိန်းသိမ်းခံထားရတဲ့ကြားထဲကနေပြီးတော့ ပြီးခဲ့တဲ့ ကာလမှာ NLD အနေနဲ့ စာနှစ်စောင် ထုတ်လိုက်တယ်။ ထုတ်လိုက်တဲ့ စာအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပါတီခေါင်းဆောင်တွေကို ပြစ်ဒဏ်ပေးတာတွေလည်းရှိလာတယ်။ ကျနော်တို့ NLD ပါတီအနေနဲ့ စဉ်းစားကြတယ်။ အဲဒီတော့ NLD ပါတီကလည်း အမည်မဖော်ပြဘဲနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်။ NUCC ရဲ့ ကောင်စီမှာ CRPH အနေနဲ့ ကောင်စီဝင်တွေပေးထားပါတယ်။

တစ်ပိုင်းကလည်း NLD ပါတီမှာ မူဝါဒတွေနဲ့ပတ်သက်ပြီးရင် ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်ပေးမထားဘူး။ CEC က လွတ် လပ်တဲ့အစည်း အ ဝေးတွေ ကျင်းပနိုင်ခြင်းမပြုသေးခင်မှာ NLD ပါတီကိုယ်စားပြု ပြီးတော့ တစ်ဦးချင်းကို သို့မဟုတ် တစ်ဖွဲ့ချင်းကို ဘယ်သူ့ကိုမှ Mandate ပေးမထားဘူးဆိုတဲ့ ဟာရှိတယ်။

CWC က ဆောင်ရွက်နေတယ်ဆိုတာလည်းပဲ ပါတီရဲ့ လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့နဲ့ လုပ်ငန်းသဘောအရ ပါတီရဲ့ ဆောင်ရွက်စရာ ကိစ္စတွေ ဆောင်ရွက်ဖို့ပဲ။ မူအားဖြင့် ဆောင်ရွက်ဖို့ကိုတော့ ဆုံးဖြတ်ချက်လည်း မရှိသေးဘူး။ အကုန်ရပ်ခံထားရတယ်။ ပါတီအနေနဲ့ ကောင် စီဝင်ကို NUCC မှာ မပေးတော့ဘဲ CRPH အနေနဲ့ ကောင် စီဝင် အပြည့်အ၀ ပေးထားပါတယ်။

မေး။ ။ NUCC မှာ NLD နုတ်ထွက်တယ်ဆိုပြီး ဘာလို့ အဲဒီသတင်းက ထွက်လာတာလဲ။ ဒီသတင်းက ဘာကို ဦးတည်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အမှန်က ရှင်းရှင်းပြောပြောရင်တော့ တော်လှန်ရေးကို ပုံပျက်အောင်ဆိုတဲ့ ပုံစံ လုပ်တာပေါ့။ NLD ပါတီဝင်တွေဟာ အလွှာအသီးသီးကနေ CRPH အနေနဲ့သော်လည်းကောင်း အောက်ခြေမှာရှိတဲ့ ဆောင်ရွက်မှုတွေ လုပ်ငန်းရပ်တွေမှာသော်လည်း ကျရာအခန်းကဏ္ဍကနေသော် လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြပါတယ်။ အဲဒီတော့ NUCC မှာ အမည်မဖော်ဘဲနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လည်းရှိကြတာပါပဲ။ ရှိနေကြပါတယ်။

NLD ရဲ့မူက ပြည်သူက အဓိကပဲ။ ပြည်သူရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့ အနေအထားနဲ့ ဘာမှ မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပဲ သွားနေတယ်။ ကျနော်တို့ သည် NLD ပါတီမူဝါဒက နဂိုကတည်းက ရှိထားပြီး။ NUCC မှာလည်း အခုလက်ရှိ ရှိနေတဲ့ ပဋိညာဉ်တွေနဲ့လည်း အတူတူပဲဖြစ်တယ်ဆိုတာကို လေ့လာကြည့်ရင် သိနိုင်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရှိပါတယ်။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာပါ။

မေး။ ။ NLD ပါတီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာထွက်တဲ့ ဗဟိုသုတေသနစာတမ်းမှာ NUCC နဲ့ပတ်သက်လို့ ပါဝင်ရန် မသင့်ဘူးဆိုတဲ့ အကြံပြုထားတဲ့ သုတေသနစာတမ်းရှိတယ်။ ဒီစာတမ်းက NLD ရဲ့ မူဝါဒလား။

ဖြေ။ ။ အဲဒါစာတမ်းက စာတမ်းပေါ့။ စာတမ်းကို ထုတ်ကြတာ နဂိုတုန်းက ရေးရာ ကော်မတီတွေ ရှိတယ်ပေါ့။ သုတေသန ရေးရာကော်မတီတွေက NUCC နဲ့ပတ်သက်ပြီး သူတို့ အမြင်စာတမ်း ဘယ်လို ဘယ်လိုဖြစ်နိုင်တယ်ဆိုတဲ့ Pro & Con( အကျိုးနဲ့နောက်ဆက်တွဲအပြစ်) ဆိုတာမျိုး ။

ဒါတွေနဲ့ပတ်သက်တဲ့ စာတမ်းသက်သက်ပဲ။ အဲဒီစာတမ်း တင်ပြတဲ့အချိန်ကလည်း လေ့လာမှုမှာ အတော်လည်းစောတယ်။ ဒါက သုံးသပ်ချက်စာတမ်းအနေနဲ့ပဲ တင်တာပါ။ အဲဒါသည် NLD ပါတီရဲ့ မူလည်း မဟုတ်ဘူး။ မူဝါဒလည်းမဟုတ်ဘူး။ ဒီအပေါ်မှာလည်း ရပ်ခံမှာလည်းမဟုတ်ဘူး။ နဂိုကတည်းက ရှိနေခဲ့ပြီးသား မူဝါဒတွေအပြင် (ခေါင်းဆောင်နဲ့CEC တွေ အဖမ်းခံရပြီးတဲ့အချိန်ကစလို့) NLD အနေနဲ့ နောက်ထပ် တ ခြား ဘယ်လိုမူမျိုးမှ အသစ်ချမှတ်တာမရှိဘူး။

မေး။ ။ မြေပြင်မှာ တိုက်နေတဲ့ PDF ရဲဘော်တွေ ၊ ပြည်သူတွေကို ဘာများ စကားပါးချင်လဲ။

ဖြေ။ ။ ဒီအချိန်မှာ ပြည်သူ့တော်လှန်ရေးက အောင်မြင်နေပြီဆိုတာ သေချာနေပြီလေ။ ပြည်သူလူထုရဲ့ တော်လှန်ရေးက အောင်မြင်မှု များလာလေလေ တစ်ဖက် ရှုံးနိမ့်မှုရှိလာတဲ့ သူတို့ ဘက်က ရက်စက်ခြင်းနဲ့ ကောက်ကျစ်ခြင်းကို သူတို့ သုံးတာပဲ။

PDF နဲ့ ပြည်သူတွေကို မှာချင်တာက နံပါတ်တစ် ကျနော်တို့ကို သွေးအေးသွားလိမ့်မယ်လို့ ထင်ပြီး အာဏာသိမ်းတဲ့စစ်ကောင်စီကို သွေးမအေးကြောင်း ပြနိုင်ခဲ့ပြီ။ သွေးအေးအောင် လုပ်ပေမယ်လို့ သွေးမအေးအောင် လုပ်နိုင်ခဲ့ပြီးပြီ။ နောက်ကျနော်တို့ကို သွေးကြောင်အောင်ဆိုပြီး ဖိနှိပ်ပြီး လုပ်ပြပေမယ့်လည်း ပြည်သူတွေက သွေးမကြောင်ဘူးဆိုတာ ကျနော်တို့ ပြသခဲ့ပြီးပြီ။

နောက်ဆုံးအဆင့်ကတော့ သွေးကွဲအောင် နည်းမျိုးစုံနဲ့လုပ်တော့မယ်ဆိုတာ ကြိုမြင်ပြီးတော့ သွေးမကွဲရအောင် သွေးမကွဲအောင် လုပ်ခြင်းအားဖြင့် နောက်ဆုံး ခြေလှမ်းကို အနိုင်ယူကြဖို့ လိုပြီလို့ အကြံပြုချင်ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s