စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသော ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်း မြို့နယ်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို စစ်တပ်က ဖြတ်တောက်၊ တချို့မြို့နယ်များတွင် စစ် ကြောင်းများ ဝင်လာ

စစ်ကိုင်းတိုင်း၊ မြို့နယ် ၉ ခုထက်မနည်းတွင် ယနေ့နံနက် ၆ နာရီမှစတင်ပြီးတယ်လီဖုန်းလိုင်း၊ အင်တာနက် လိုင်းများ ဖြတ်တောက်ပြီး တချို့မြို့နယ်များတွင် စစ်ကြောင်းများ ထိုးစစ်ဆင်လာကြောင်း ဒေသ ကာ ကွယ်ရေးတပ်များထံမှ သိရှိရသည်။

ကန့်ဘလူ PDF က ကန့်ဘလူနှင့် ကျွန်းလှဘက်တွင် ဖုန်းလိုင်များ ပြတ်တောက်သွားပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

“ကန့်ဘလူ ၊ ကျွန်းလှ ဘက်ကတော့ နံနက် ၆နာရီ ၅၅ မိနစ်ခန့်က ဖုန်းလိုင်းများ ပြတ်တောက်သွားတယ်”ဟု ကန့်ဘလူ PDF က ကြေညာ သည်။

အလားတူ မြင်းမူမြို့နယ်အတွင်းတွင်လည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်သွားကြောင်း ၊ မြင်းမူမြို့နယ် မူးမြစ် အ​ရှေ့၊အ​နောက်ဘက်တွင် စစ်တပ်က စစ်​ကြောင်းနှစ်ခုဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်း ထိုးစစ်ဆင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

ဒေသခံတချို့၏ မြေပြင် ချိတ်ဆက်ထားသော ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အကြောင်းကြားချက်အရ မုံရွာမြို့နယ်၊ ကျေးရွာများတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

“အင်တာနက်လိုင်းကတော့ နဂိုကတည်းက ဖြတ်ထားပြီးသားပါ။ ဒါပေမယ့် 2G ဆိုတာတော့ ပေါ်တယ်လေ။ ဘာမှတော့ သုံးမရဘူး။ အခုက 2G လည်း မပေါ်တော့ဘူး။ ဖုန်းလိုင်းလည်း မရတော့ဘူး” ဟု ခင်ဦး PDFက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်လိုင်း (2G ပါမရ) ဖြတ်တောက်ခံထားရသည့်မြို့နယ်များမှာ ခင်ဦး၊ မုံရွာ၊ရေဦး၊ကျွန်းလှ၊ ယင်းမာပင်၊ ပုလဲ၊ကနီ၊ကန့်ဘလူ၊ ကောလင်း၊ မြင်းမူ မြို့နယ်များဖြစ်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် မြို့နယ်များ ထပ်တိုးလာနိုင်ကြောင်း မြေပြင်ဆက်သွယ်ရေး PDFကွန်ရက်များထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s