ချောင်းဦးမြို့နယ်တွင် စစ်ယာဉ်တန်းနှင့်ခြေ လျင်စစ်ကြောင်းကို ပဒေသာမိုင်းများဖြင့် ၃ ကြိမ်ဖောက်ခွဲတိုက်ခိုက်ပြီး စစ်သား ၇၀ ကျော် ထိခိုက်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့်စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ မေလ ၂၆ ရက် နံနက်တွင် ပဒေသာမိုင်းများဖြင့် ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၇၀ ကျော် ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

ချောင်းဦးမြို့နယ်အရှေ့ဘက် သံလမ်းအကျော်တွင် မြင်းမူဘက်သို့ ထွက်ခွာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကြီး ၃ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက် ၇ နာရီခန့်တွင် မိုင်းခွဲတိုက် ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ချောင်းဦးမှ မြင်းမူဘက်သို့ ထွက်ခွာနေသော သံပြားများကာရံထားသည့် စစ်ကောင်စီကား ၃ စီးကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပဒေသာမိုင်း ၁၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် ကား ၁ စီး ထိမှန်သွားပြီး စစ်သား ၁၅ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း Farmers Revolution Force (FRF ချောင်းဦး) က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို Farmers Revolution Force FRF (CHU)၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)၊ Black Eagle Defence Forceနှင့် Zarmini MMU တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ နံနက် ၈ နာရီခန့်တွင် ချောင်းဦး-မြင်းမူ ကားလမ်း၌ စစ်ကောင်စီတပ်ဖွဲ့များ စီးနင်းလာသော သံပြားကာ ကားကြီး ၂ စီးကို Farmers Revolution Force (FRF ချောင်းဦး) နှင့် မဟာမိတ်တပ်ဖွဲ့များက ထပ်မံ မိုင်းခွဲတိုက်ခိုက်ရာ ကား ၂ စီးမှာ ရပ်တန့်သွားပြီး စစ်သား ၂၉ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

“မိုင်း ၁၃ လုံးနဲ့ ဖောက်ခွဲတာပါဗျ။ ကျနော်တို့ FRF က ထုတ်တဲ့ ပဒေသာမိုင်း ၉ လုံးရယ်၊ ဇာမဏီတပ်ဖွဲ့က ထုတ်တဲ့ ၄ လုံး အားလုံးပေါင်း ၁၃ လုံးနဲ့ ဖောက်ခွဲတာပါ။ ကား ၂ စီးမှာ ၃၀ ကျော်နိုင်တယ်၊ ကျနော်တို့ ဖောက်ခွဲပြီးတော့ ကျနော်တို့ကို စစ်သား ၁ ယောက်ကပဲ ပြန်ပစ်နိုင်တာ၊ သေနတ် ၁ လက်တည်းနဲ့ လေး၊ ငါးချက်ပဲ ပြန်ပစ်တာ။ ကား ၂ စီးလုံးက ရပ်ကို သွားတာ၊ ပြီးတော့မှ ဖြည်းဖြည်းချင်း ထိန်းမောင်းသွားတာ၊ ပြီးတော့ လူနာတင်ကားတွေ ၅ စီးလောက် တီးတောင် တီးတောင်နဲ့ ရောက်လာပြီးတော့ သယ်သွားကြတာ၊ ဘယ်လောက်သေတယ် ဘယ် လောက် ဒဏ်ရာရတယ်ဆိုတာကို ကျနော်တို့ စုံစမ်းပြီးမှ ပြန်အတည်ပြု ထုတ်ပြန်မယ်ဗျ” ဟု FRF သတင်းပြန်ကြားရေးက ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးဝန်း ကျင် ကျေးရွာများကိုပါ ရမ်းသန်းပစ်ခတ်ကြောင်း FRF က ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို FRF ချောင်းဦး၊ Chaung U Revolution Army၊ Black Eagle Defence Forceနှင့် Zarmini တပ်ဖွဲ့ မြင်းမူ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ချောင်းဦးမြို့မှ မန္တလေး ဘက်သို့ခြေလျင်မိုင်းရှာ ထွက်လာရာ နတ်ရေကန်နှင့် ငါးယှန်ရွာ အကြားတွင် CHU PDF တပ်ခွဲ ၃ မှရဲဘော်များနှင့် MSPDF မှရဲဘော်များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း၊ မဟာမိတ် ရဲဘော်များ အထိ အခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s