စစ်တပ်ဖွဲ့စည်းသည့် ပြည်သူ့လုံခြုံရေး အဖွဲ့တွင် ပါဝင်သူများကို အရပ်သားဟု မသတ်မှတ်ဘဲ စစ်ရေး နည်းလမ်းအရ အရေးယူမည်ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာန သတိပေး

အကြမ်းဖက် စစ်တပ်က နိုင်ငံတဝှမ်းရှိ မြို့နယ်များနှင့် ရပ်ကွက် ကျေးရွာ များတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာနေသည့် ပြည်သူ့လုံခြုံရေး အဖွဲ့များတွင် ပါဝင်သူများကို အကြမ်းဖက် ထောက်တိုင် စစ်ရေးပစ်မှတ်များ အဖြစ် သတ်မှတ်ပြီး စစ်ရေး နည်းလမ်းအရ အရေးယူသွားမည်ဖြစ် ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သတိပေးသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၎င်းပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် ပါဝင်သည့် အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များနှင့် ပက်သက်သော သက်သေအထောက်အထားများကိုလည်း ရရှိထားပြီးဖြစ်ကာ စစ်ကောင်စီ၏ ဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” များနှင့် အဖွဲ့ဝင်များကို အရပ်သား အဖြစ် မှတ် ယူ၍ မရတော့သည့်အတွက် “ အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ” အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်၌ အင်အား လျော့နည်းလာပြီး ၎င်းတို့ စစ်တပ် အင်အား ဖာထေးရန် နိုင်ငံတဝန်းရှိ မြို့နယ်များတွင် အ ကြမ်းဖက် အဖွဲ့များ တိုးချဲ့ဖွဲ့စည်းကာ “ပြည်သူ့လုံခြုံရေးအဖွဲ့” ဟု အမည်ပေးကာ ဖွဲ့စည်းရန် လုပ်ဆောင်နေကြောင်း စစ်တပ်သည် ယခင် ဖွဲ့စည်းခဲ့သော ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာနှင့် စွန်ရဲ အမည်ဖြင့် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ စစ်ကောင်စီသည် ပြည်သူချင်း အကြမ်းဖက် ရန်ပြုစေလျက် ၎င်းအတွက် ထွက်ပေါက် ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒတစ်ခု ချမှတ်ကာ ၎င်းကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့် ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရသော အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုကျ နိုင်ငံရေး ပါတီ နှင့် အသင်းအဖွဲ့များ၏ ပါဝင်မှုဖြင့် ဖွဲ့စည်းရန် ကြိုးစား နေခြင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ ကလည်းကောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကလည်း သတ်မှတ်ကြေညာထားပြီး ဖြစ်သောကြောင့် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှု လုပ်ငန်းများတွင် ထောက်ကူပေးသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းလျက်ရှိပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေး နည်းလမ်း အရဖြစ်စေ အရေးယူခံရမည်ဖြစ်ကာ စစ်ကောင်စီ ပြန်ကြားရေး၏ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားများပါဝင်သော ကာကွယ်ရေးစနစ် တနည်း ပြည်သူကို ပြည်သူနှင့် ပြန်ရန်တိုက်ပေးသည့် အ ကြမ်းဖက် စနစ်ကို ဖော်ဆောင် သွားမည် ဖြစ်ပြီး အဆိုပါ အဖွဲ့တွင် ပါဝင်သူများကို စစ်ပညာ သင်ကြားပေးခြင်း၊ အကြမ်းဖက် နည်းလမ်းများ ပို့ချခြင်း၊ လက်နက် တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ ပြည်သူ့လုံခြုံရေးအဖွဲ့” တွင် ပါဝင်ရန် အတင်းအကျပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကို အမြန်ဆုံးစွန့်ခွာပြီး သက် ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူး ပေါင်းဆောင်ရွက်နိုင်ကြောင်း NUG ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီက “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” ဟုဆိုကာ အင်အား စုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြပါရန်နှင့် မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင် များအဖြစ် ပါဝင်ဆောင်ရွက်နေမှုများကို သိရှိရပါက တယ်လီဂရမ်(telegram) အမည် ” info2mod ” သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ ” info2mod@protonmail.com ” သို့လည်းကောင်း၊ အထောက်အ ထားများနှင့်တကွ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s