ပုလောမြို့နယ်တွင် ဒေသခံ ၂၀ ဦးထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်တွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်က ဒေသခံ ၂၀ ဦး ထက် မနည်းကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဖမ်းခံရတဲ့ လူတွေကတော့ စ.ရ.ဖ (စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) က စောင့်ကြည့်နေတဲ့ လူတွေများတယ် ဖမ်းခံရတာ၊ နောက်ပြီး NLD ပါတီဝင်တွေလည်း များတယ်”ဟု ပုလောဒေသခံ တစ်ဦးက ပြောသည်။
NLD ပါတီဝင်နှင့် ဆက်စပ်သူများ၊ လုပ်ငန်းရှင်များ၏ နေအိမ် အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းလည်း ရှိကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ယခင် ဖမ်းဆီးပြီး ပြန်လည် လွတ်မြောက်လာသူ အချို့ ထပ်မံ ဖမ်းဆီးခံရမှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အကြောင်းပြချက် မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။ mizzima