မြိုင်တွင် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူရုပ်အလောင်း ၅ လောင်း ကျောက်ခွက်ရွာအနီးတွေ့ရှိ၊ အရာတော် ရွှေတွင်းကုန်းရွာကို စစ်တပ်က မီးတင်ရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ဖယ်ခုံ မခေခမ်းရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

မ​ကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရွာအနီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၅ လောင်း တွေ့ရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် နွေဦးတော်လှန်ရေး-မြိုင်မြို့အဖွဲ့ထံမှ သိရသည်။

မေလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ကျောက်ခွက်ရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျောက်ခွက်ရွာအနီးမှာ ဒီနေ့ နယ်မြေရှင်းတော့ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူ ၅ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရတာ သတ်ခံရတဲ့သူတွေက စစ်ခွေးတွေ တခြားရွာကနေ ဖမ်းဆီးလာတဲ့ သူတွေလား ကျောက်ခွက်ရွာသားတွေလား ဘယ်သူ ဘယ်ဝါ ဆိုတာ အတည်ပြုဖို့ ခက်နေတယ်။ ရွာတွေအကုန်လုံးက ထွက်ပြေးနေရတာ တချို့ဆို မိသားစုတွေ တကွဲ တပြားနဲ့ အတည်ပြုဖို့ ခက်နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် သတ်ဖြတ်သွားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ထို့ပြင်စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြောက်ပိုင်းရှိ ရွှေတွင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယမန်​နေ့ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ယမန်​နေ့ ညနေပိုင်းတွင် အိုင်လျားရွာမှ စစ်ကြောင်းထိုးကာ ရွှေတွင်းကုန်းရွာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” ရွာထဲမှ ထိခိုက်ဖျက်ဆီးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက ပြည်သူပိုင်နေအိမ်တွေကိုတော့ မီးရှို့နေတယ်။ ‌ရွာထဲကို ခွေးတွေက မဝင်မှီ လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာကို ပစ်ခတ်ပြီးမှ ဝင်ရောက်လာတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ရွှေတွင်းကုန်းရွာရှိ အင်ကြင်း တစ်ထောင် ကျောင်း တိုက်တွင် အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် အနီးအနားရှိ ထန်းတောကုန်း၊နှင့်အိုးဘိုကုန်းရွာများကိုလည်း ပစ်ခတ်နေကြောင့် ရွာလုံးကျွတ် ထွက်​ပြေးနေရကြောင်း သိရသည်။

အလားတူ ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ်ရှိ မခေခမ်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂၆ ရက်နေ့ ည ၇ နာရီခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေကြောင်း Pekhon People Defence Force – 2 တပ်ဖွဲ့ထံမှ သိရသည်။

ဖယ်ခုံမြို့နယ် လွယ်မကူး တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မခေခမ်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း Pekhon People Defence Force – 2 တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s