ပုလဲတွင် စစ်တပ် စစ်ကြောင်း ပစ်ခတ်တိုက် ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဂါးမတောင် အနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Pale People’s Defence Force-Headquarters ၊ပုလဲတပ်ရင်း(၂)၊God of Myaing ၊Myaing Hero Generation ၊လင်းယုန်အဖွဲ့နှင့် Monywa People Defence Force-mpdf အဖွဲ့များက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃ဝ ခန့် အ ပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ khit thit