မြိုင်တွင် စစ်တပ် စစ်ကြောင်း ပေပါမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား အများအ ပြား သေဆုံးနိုင်၊ ပေါက်တွင်လည်း စစ်တပ် ကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေ ဆုံး

မကွေးတိုင်း မြိုင်မြို့နယ် နသတ်ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၂၇ ရက်နေ့တွင် ပေပါမိုင်းများ အပါအဝင် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း Pakokku Revolution Front တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့တွင် မြိုင်မြို့နယ် ကိုင်းတောမသို့ ထွက်လာသော စစ် ကြောင်း နှင့် ပခုက္ကူမှ ကိုင်းတောမ ဘက်သို့ လာသော အကြမ်းဖက် စစ်တပ် စစ် ကြောင်း ၂ ကြောင်းပူးပေါင်းကာ မြိုင်မြို့နယ် အနောက်ဘက် အခြမ်းရှိ နသတ်ကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် ပခုက္ကူ တော် လှန်ရေး တပ်ဦး (PRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် နှင့် ဒေသခံ မဟာမိတ် တပ်ပေါင်းစုတို့က ပေပါမိုင်း၂ လုံးနှင့် မိုင်း ၇ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း PRF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း ပေါက်မြို့နယ် ဖလံကိုင်းရွာနှင့် ကန်သစ်ရွာ ဆက်သွယ်ထားသော လမ်းကြောင်း တစ်လျှောက် ကင်းပုန်းချထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၂၇ ရက်နေ့ မွန်း လွဲ ၁ နာရီ ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံး ကာ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း RDF(pauk) Regional Defense Force တပ်ဖွဲ့ထံမှ သိရသည်။

စစ်တပ် ကင်းပုန်းကို RDF (pauk)နှင့် Local PDF တပ်ဖွဲ့ များ က ၆ဝ မမ၊ ၈ဝ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၁ ဦးသေ ဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များ အထိ ခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း RDF (pauk) တပ်ဖွဲ့က ထုတ်ပြန် ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s