ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ ထွေအုပ်ရုံးကို ရှမ်းနီ SNA က ဝင်ရောက်ပစ်ခတ်မှု ရဲ ၁ ဦးနှင့် ပြည်သူ ၁ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းနီအမျိုးသားများ တပ် မတော်(SNA)က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရဲ ၁ ဦးနှင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း‌ ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၂၇ ရက်နေ့တွင် ထွေအုပ်နှင့်ရဲတပ်ဖွဲ့က မြစ်အတွင်း ရွှေမျောဖောင်များကို မီးရှို့ဖျက်ဆီးပြီး ရွှေမျောသမားများကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများတွင် SNA တပ်ဖွဲ့ဝင်များ ပါဝင်သွားပြီး ယင်းရွှေမျောများမှာ SNA ခွင့်ပြုထားသည့် ရွှေမျောများဖြစ်ကြောင်း၊ ထို့ကြောင်း မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေပြည်အေးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဝင်ရောက်ပစ်ခတ်ရာမှ ရဲ ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးပါ သေဆုံးခြင်းဖြစ်ကြောင်း Chindwin ၊ Uru Spring Revolutionက သတင်းထုတ်ပြန်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင် အမြန်ရေယာဥ်ဖြင့် ဟုမ္မလင်းမှ ရွှေပြည်ဧသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s