Monthly Archives: Jun 2022

မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီကား ၄ စီး တိုက်ခိုက်ခံရ

မန္တလေး-မုံရွာ လမ်းမကြီးအတိုင်း မုံရွာမြို့သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီပွိုင့်ကား သုံးစီးနှင့် အိမ်စီးကားတစ်စီးကို မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် (T.G.R) တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။

ဇွန်လ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာကြားတွင် တစ်ကြိမ်၊ ငါးယှဥ်ရွာနှင့် ချောင်းဦးကြားတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ခွေးကား (စစ်ကောင်စီတပ်၏ ကား) သုံးစီးနဲ့ အကောင်ကြီးကြီးပါတဲ့ ကားတစ်စီးပါတယ်။ သတင်းရလို့ အညာထန်းသီး ( လက်လုပ် ပဒေ သာမိုင်း) သုံးလုံးဆွဲလိုက်တယ်။ နှစ်ပွိုင့်(နှစ်နေရာ) ဆွဲလိုက်တာပေါ့။ အကောင်ကြီးကြီး နှစ်ကောင်သေတယ်။ ကျန်တာ ငါးယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ” ဟု ဗိုလ်တိုက်ဂါးက ဆက်လက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူ နှစ်ဦးသေဆုံးခဲ့ပြီး အခြားအဆင့်ရှိသူ ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း T.G.R အဖွဲ့၏ စာရင်းတွင်ဖော်ပြသည်။

ယင်းလုပ်ဆောင်မှုကို မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung U Local Defence Force (CHU LDF)၊ ဗိုလ်နေတိုး အထူးပြောက်ကျားအဖွဲ့ (B.N.T)၊ Saw Bwar Gyi (MPDF) MYAUNG၊ ဗိုလ်တောက်ထွန်း (MBTT)၊ 11Brothers အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ mizzima

မင်းတပ်တွင် လက်နက်ကြီးဒဏ်ကြောင့် က လေးတစ်ဦး သေဆုံ

ယနေ့ (ဇွန် ၂၈) နံနက်က ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် အမှတ် (၂၇၄) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် ၁၄ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။  

နံနက် ၁၀ နာရီဝန်းကျင်တွင် မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မဒပ်ကျေးရွာအတွင်း ထိုကလေး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်း၊ ထိုကလေး၏ ၁၁ နှစ်အရွယ် ညီဖြစ်သူလည်း မေ ၂၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“နယ်မြေခံတပ်ရင်း ၂၇၄ က ရွာဘက်တွေကို ဟိုနေ့တွေကတည်းက ပစ်နေတာပဲ။ ဒီနေ့ ၁၀ နာရီလောက် လှမ်းပစ်တော့ ဟိုတစ်ခေါက်တုန်းက ကလေးတစ်ယောက် လက်နက်ကြီးထိပြီး ခြေထောက်ဖြတ်ခဲ့ရတဲ့ကလေးရဲ့အစ်ကို ထိတာ” ဟု မင်းတပ်မြို့နယ်မှ အဆိုပါဒေသခံက ပြော သည်။ 

ထိုရွာအနီးအနားမှ ကျေးရွာတစ်ခုတွင်လည်း ယနေ့နံနက် လက်နက်ကြီးကျည် ကျရောက်သည့်အတွက် သက်ကြီးရွယ်အိုများအပါအဝင် ဒေ သခံများက လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ခိုလှုံနေရသည်။ 

“အဲဒီရွာအနီးက ရွာတစ်ရွာကို လက်နက်ကြီးထပ်ကျတော့ အဘိုးအို၊ အဘွားအိုတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ အကုန်ပြေးတော့တာ။ လျှိုထဲတွေမှာ ရှောင်နေရတာ။ လက်နက်ကြီးနဲ့ပစ်တာ တစ်ချက်က အိမ်တစ်အိမ်ပေါ် ကျပြီး မီးလောင်နေတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

မင်းတပ်မြို့မြောက်ဘက် မကွေးတိုင်း၊ ထီးလင်းမြို့နယ်စပ်အနီး ပလုံတွီကျေးရွာတွင် လုံခြုံရေးယူထားသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF- မင်းတပ်) နှင့် ထီးလင်းဘက်မှ တက်လာသည့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲပြင်းထန်နေသည်။

၂၇၄ တပ်ရင်းက လက်နက်ကြီးဖြင့် ယနေ့ ပစ်ခတ်ခဲ့သည့် မင်းတပ်မြို့တောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဇွန် ၁၆ တွင်လည်း ထိုတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မွီတီကျေးရွာတွင် တောင်ယာလုပ်ကိုင်နေသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

အရပ်သားများရှိသည့်နေရာကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ထံမှ တုံ့ပြန်ချက် ရယူရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံရာ ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မင်းတပ်) က အဆက်မပြတ် ခုခံတော်လှန်နေဆဲ ဖြစ်သည်။

မင်းတပ်တွင် စစ်ကောင်စီသည် ၂၇၄ တပ်ရင်းအခြေစိုက်ရာ မြို့ပေါ်ရပ်ကွက်များမှအပ ကျေးရွာများတွင် နယ်မြေစိုးမိုးနိုင်ခြင်း မရှိသေးပေ။ myanmar now

ကျိုက်ထိုနှင့်ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရ ၊ ညောင် လေး ပင်ခရိုင်တွင် KNU နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံး

မွန်ပြည်နယ် ၊ ကျိုက်ထိုနှင့်ဘီးလင်းတို့တွင် စစ်ကောင်စီယာဉ်တန်းများ ယနေ့ တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ် KRINထံမှ သိရှိရသည်။

ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘို ကျေး ရွာအနီး ဝေါဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာသော စစ်ကား ၄ စီးပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ကားတန်းကို ၄၀ မမ နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့တာ။ ကားက အရှိန်နဲ့ဖြစ်လို့ ကားဘေးပဲ ထိသွားတယ်။ အရင်လို စောင့်ကြိုတိုက်ခိုက်ခဲ့တာမ ဟုတ်လို့ ထိခိုက်မှု ကြီးကြီးမားမားတော့ မဖြစ်သွားဘူး” ဟု ပြည်သူ့ရဲဘော်တစ်ဦးက ပြောဆိုကြောင်း KRINက သတင်းဖော်ပြသည်။

ထို့ပြင် အဆိုပါယာဉ်တန်းကို ယနေ့နံနက် ၁၀ နာရီ ၀၅ မိနစ် အချိန် ကျိုက် ထိုမြို့နယ် တညင်ချောင်းကျေးရွာအနီး လက်နက်ကြီး ၃ ချက် ထပ် မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် ပဲခူးတိုင်း၊ ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တွင် အာဏာသိမ်းအ ကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို ကျေးရွာများမှ ထွက်ခွာရန် မောင်း ထုတ်ခြင်းကြောင့် ဝဲလဗျင်းကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU တို့ကြား ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထိုတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင် စီတပ်မှ ၃ ဦးသေဆုံးခဲ့ကြောင်း KN U က ပြောသည်။

ထို့ပြ်င ဇွန်လ ၂၇ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင် လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာတွင် အာဏာ သိမ်းအကြမ်းဖက် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်ကြား နေ့လည်(၂)နာရီနှင့် (၄)နာရီဝန်းကျင်တွင် ထိပ် တိုက် တိုက်ပွဲ နှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ၅ ဦးသေဆုံးခဲ့ ကြောင်း၊ ဇွန်လ ၂ ၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား ထိပ်တိုက် တိုက်ပွဲ (၃)ကြိမ် ဖြစ် ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက် စစ် ကောင်စီ တပ်ဘက်မှ (၈)ဦးသေဆုံးကြောင်း သိရှိရသည်။ khit thit

တမူးမြို့ကာကွယ်ရေးတပ်ဖွဲ့အတွက် အမည်မဖော်လိုသောအလှူရှင်မှ လက်ဝတ်ရတနာများလှူဒါန်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းလှုပ်ရှားနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)ထံသို့ အမည် မဖော်လိုသော စေတနာရှင်မိသားစုမှ လက်ဝတ်ရတနာအချို့ လှူဒါန်းခဲ့ကြောင်းသိရသည်။

လက်ခံရရှိထားသော လက်ဝတ်ရတနာများမှာ ရွှေဆွဲကြိုး နှစ်ကုံး၊ လက်ကောက်နှစ်ကွင်းနှင့် နားကပ် တစ်ရံတို့ဖြစ်ပြီး ကာလတန်းကြေး ကျပ် ၇၄ သိန်းကျော်ရှိကြောင်း ဆိုသည်။

“ ကျနော်တို့ကို စေတနာရှင်မိသားစုကလှူထားတာရှိပါတယ်။ မကြာခင်မှာ အွန်လိုင်းမှတဆင့် ပြန်လည် ရောင်းချသွားဖို့အစီအစဉ်ရှိပါတယ်။ အဲဒါကြောင့် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုပါတယ် ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အမည်မဖော်လိုသော အလှူရှင်သည် ၎င်း၏ လုပ်အားခဖြင့်စုဆောင်းဝယ်ယူထားသော ရွှေထည်ပစ္စည်း များကို တော်လှန်ရေးကာလအတွင်း PDF လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ရည်စူးလှူဒါန်ခြင်းဖြစ်ကြောင်းသိရသည်။

“ ကျမလည်း အမျိုးသမီးဆိုတော့ ဝတ်ချင်တာပေါ့။ နောက်ပြီး ကျန်းမာရေးကိစ္စ အရေးပေါ်ရှိရင်လည်း ထုတ်ရောင်းလိုရတယ်လေ။ ဒါပေမဲ့ ကိုယ့်ရှေ့ရေးထက် အားလုံးအတွက် အရေးတော်ပုံမှာပါဝင်ဖို့ လိုအပ် တယ်လို့ သဘောပေါက်မိတယ်။

အခုလို သူရဲကောင်းတွေကျဆုံးနေရတဲ့အချိန်မှာ ဒီပစ္စည်းတွေကိုကိုင် ထားရတာ လိပ်ပြာမလုံတော့ဘူး။ အခုရှိသမျှတွေပေးလိုက်ရတော့ စိတ်ချမ်းသာသွားပြီ ” ဟု အလှူရှင်မှ မဇ္စျိမသို့ပြောသည်။

လက်လုပ်လက်စားဘဝဖြင့် ခက်ခဲစွာစုဆောင်းပြီး အဆိုပါလက်ဝတ်ရတနာများအား ဝယ်ယူစုဆောင်းခဲ့ ခြင်းဖြစ်ကာ ၎င်းဝယ်ယူစဉ်အချိန်က ကျပ် ၄၇ သိန်းနှင့် ၇ သောင်းတန်ကြေးရှိပြီး မူရင်းပြေစာများပါ လက် ဝယ်ရှိကြောင်းဆိုသည်။

လွန်ခဲ့သောရက်များအတွင်း တမူး – ကလေးလမ်းမပေါ်တွင် တိုက်ပွဲများရက်ဆက်ဖြစ်ပွားခဲ့သဖြင့် တမူး-PDF တပ်ဖွဲ့များတွင်အခက်အခဲများစွာရှိကြောင်းနှင့် ၎င်းကိုဖြေရှင်းရန်အတွက် မိသားစုအတွက်ရည်ရွယ် ကာ ဝယ်ယူထားသောရွှေထည်များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက် နံနက် ၈ နာရီ ၅၆ မိနစ်က တမူးမြို့မှ ကလေးမြို့ဘက်သို့ပြန်လာသော အင်အား ၁၀၀ ခန့် ရှိ စစ်ကောင်စီယာဉ်တန်းအား ရန်လင်းဖိုင်နှင့် ဝိတုတ်အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃၀ ဦး သေဆုံးခဲ့သေးကြောင်းသိရသည်။ mizzima

ရှမ်းမြောက်ရှိ ကင်းပုန်းစခန်းကို တိုက်ရာ စစ်သားသုံးဦးသေဟု တော်လှန်ရေးအဖွဲ့ပြေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်စခန်းကို ဇွန် ၂၄ ရက်က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း ကျဆုံးသွားသည်ဟု ရှမ်းမြောက်ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တာဝန်ရှိသူက ပြောသည်။

နံနက် ၅ နာရီခန့်တွင် လားရှိုး-မူဆယ်ကားလမ်းမဘေး တောင်ကုန်းတစ်ခုတွင် စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ အမှတ် ၄၂၇ ခြေမြန် တပ် ရင်း တပ်စွဲထားသည့်စခန်းမှ စစ်သားသုံးဦး အပြင်ထွက်လာစဉ် ပြောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

“စစ်ကြောင်းထိုးလာရင် စောင့်ကြိုပြီးတိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာ။ ဒါပေမဲ့ သူတို့က ကင်းပုန်းဝပ်ထားပြီးသားဖြစ်နေတာ။ ထိပ်တိုက်သွားတွေ့လိုက်တဲ့အချိန်မှာ ကျွန်တော်တို့က လက်ဦးမှု ယူမိသွားတဲ့သဘောဖြစ်တာပေါ့”

ထိုကင်းစခန်းအနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ကူပေးသဖြင့် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ PSDA ဘက်မှ ထိခိုက်မှုမရှိကြောင်း ထိုသူက ဆိုသည်။

လာရှိုး-မူဆယ်လမ်းပိုင်းကို သယ်ယူပို့ဆောင်ရေးအတွက် အမြဲတစေအသုံးပြုလေ့ရှိသည့် စစ်ကောင်စီက ထိုဒေသတွင် အင်အားအများအပြားဖြင့် စစ်ရေးလှုပ်ရှားခြင်း၊​ ကင်းပုန်းဝတ်ခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း PSDA တာဝန်ရှိသူထံမှ သိရသည်။

“လာရှိုးကနေ မူဆယ်အထိက သူတို့ ပစ္စည်းတစ်ခုပို့တော့မယ်ဆိုရင် တစ်လမ်းလုံး လုံခြုံရေးယူတယ်။ အဲလိုမျိုးဖြစ်စဉ်တွေက အမြဲတမ်းရှိတယ်။ အတွင်းပိုင်းထဲအထိ လိုက်တာတော့ ရှားတာပေါ့။ ဒီဘက်က EAO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့) တွေရဲ့ အခံလည်းရှိနေတာကြောင့် သိပ်မလုပ်ဘူးပေါ့”။

တိုက်ခိုက်ခဲ့သည့် ကင်းစခန်းမှာ နမ့်ဖက်ကာကျေးရွာနှင့် ပန်ကိုင်ရွာကြားတွင်ရှိပြီး လက်ရှိတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း PSDA တာဝန်ရှိသူထံမှ သိရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာကာ ခုခံမှုများ မြင့်တက်နေချိန်တွင် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်သည်ဟု ယူဆနိုင်သော်လည်း စစ်ကောင်စီကမူ သတိထားစောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရှမ်းမြောက်ဒေသတွင် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့သာမ က အာဏာသိမ်းပြီးနောက် ဒေသအလိုက်ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်လျက်ရှိသည်။ myanmar now

မြောင်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၇ ဦးခန့် သေ ဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက် ရာ စစ်သား ၇ ဦးခန့် သေဆုံးနိုင်ကြောင်း မြောင်မြိုနယ် ပြည်သူ့ ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM က ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် အကြမ်းဖက် ဖက်ဆစ် စစ်‌သား များသည် ချင်းတွင်းမြစ်ဘက်မှ မြောင်နယ် ရွှေပန်းရွာသို စစ်ခွေးအင်အား ၆၀ ဝန်းကျင်ဖြင့် ရောက်ရှိလာကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် မြောင်နယ်အတွင်း ဒရုန်းစစ်ဆင်ရေးတွင် ဒရုန်း ၅ စီးဖြင့် ပွိင့် ၃ နေရာချရန် စီစဉ်ခဲ့ကြောင်း၊ ပထမနှင့် ဒုတိယနေရာ၊ စစ်သား၊ ရဲနှင့်လက်အောက်ခံများ အစုလိုက်အပြုံလိုက်ရှိနေသော နေရာနှင့် ၎င်းတို့ ဝပ်ကျင်းပြုလုပ်ထားသော မီးသတ်အဆောက်အဦး၊ တတိယနေရာမှာ မြောင်မြိုပေါ် တွင် စာမသင်ဘဲ စာမေးပွဲဖြေရန် ကလေးများအား ဖိအားပေး ကျောင်းတက်ခိုင်းကာ လုံခြုံရေး ဟန်ပြ အကြောက်တရားဖြင့် ကျောင်းတက်၊ မတက် စောင့်ကြည့်နေကြသော စစ်တပ်၏ ဝပ်ကျင်းနေရာတိုကို ရွေးချယ်၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပထမတိုက်ခိုက်မှုတွင် ဒရုန်းများကို ပထမအကြိမ်ပျံသန်းရာတွင် Signal များ ပျောက်၍ ဒရုန်းများ အားလုံးပြန်လာခဲ့ပြီး ဒုတိယအကြိမ်တွင် ပုံစံမတူသော လမ်းကြောင်းဖြင့် ထပ်မံပျံသန်းစေခဲ့ရာ ဒရုန်း ၂ စီးမှာ ပထမနှင့် ဒုတိယပွိင့်ကို တည့်တည့်ချနိုင်ခဲ့ကြောင်း၊ ထိုကြောင့် သစ်ပင်အောက် စုဝေးနေကြသော စစ်သား များနှင့် အဆောက်အဦးအတွင်းရှိနေသော စစ်သားများမှာ ပြေး ထွက်ခြင်းပင် မပြုနိုင်တော့ကြောင်း၊ အဆိုပါ ဒရုန်း စစ်ဆင်ရေးတွင် အကြမ်း ဖက်စစ်သား ၇ ဦးခန့် သေဆုံးနိုင်ပြီး အခြားစစ်သား အများ အပြား ဒဏ်ရာ ရှိနိုင် ကြောင်း သိရှိရသည်။

ယင်းနောက် ဒရုန်းတစ်စီးသည် တတိယပစ်မှတ်သို့ မောင်းနှင်နေစဥ် စစ်သား များအပြည့်ပါသောကား ကို တွေ့ရှိသဖြင့် တိုက်ခိုက်ရန် လိုက်လံပျံသန်းရာ အကြမ်း ဖက်စစ်သားများကာ Drone Killer ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ဒရုန်း မှာ ပျက်ကျဆုံးရှုံးခဲ့ကြောင်း၊ ဒရုန်းအဖျက်ခံရသည်ကို သိ လိုက်သည်နှင့် တပြိုင်နက် အီနာဂါဖြုတ်ချလိုက်သဖြင့် စစ်သားထိခိုက်မှု ရှိ၊ မရှိကို မှတ်တမ်း မယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါ ဒရုန်းစစ်ဆင်ရေးများအား မြောင်မြိုနယ် ပြည်သူ့ကာကွယ် ရေး နှင့် လုံခြုံရေးအဖွဲ – CDSOM နှင့်အတူ PDF Taloke၊ MGN Ranger၊ ချောင်းဦး မြိုနယ်တော်လှန်ရေးတပ်ဖွဲ – Chaung U Revolution Army တပ်ခွဲ ၂၊ စော်ဘွားကြီးအဖွဲ၊ Young Fighter People Defense Force – YFPDF၊ ပြည်သူ့ တပ်မတော် (မြောင်) Myaung Union Army စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ ၂ မှ တပ်ခွဲ ၃ နှင့် Myinmu Civil Revolution Force – CRF Myinmu မြင်းမူမြိုပြတော်လှန်ရေးအဖွဲ စသည့် ညီနောင်မဟာမိတ် အဖွဲ (၈) ဖွဲ့မှ လက်တွဲညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်ရန်ကျန်ရှိနေသည့် မဲမသမာမှုပြုလုပ်သည်ဆိုသောအမှုအ တွက် နောက်တိုးသက်သေခေါ်ရန် ၎င်းကိုယ် တိုင်လျှောက်ထား

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်ရန်ကျန်ရှိနေသည့် ရွေးကောက်ပွဲတွင် မလျော်ြသဇာအသုံးပြု၍ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ စွပ်စွဲခံထားရသော ပုဒ်မ ၁၃၀(က) အမှု တွက် နောက်တိုး ခံပြသက်သေခေါ်ယူလိုကြောင်း ယနေ့ ဇွန် ၂၉ ရက် ရုံးချိန်းတွင် တရားခွင်အတွင်း ၎င်း ကိုယ်တိုင်လျှောက်ထားခဲ့သည်ဟု အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကိုပြောသည်။

ယင်းအမှုသည် စစ်ကောင်စီက ဝန်ကြီးချုပ်အားစွပ်စွဲခဲ့သော အမှုပေါင်းကိုးမှုအနက် ဆက်လက်တရားရင် ဆိုင်ရန် နောက်ဆုံးကျန်ရှိသည့်အမှုဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း အောင်မြေသာစံ မြို့နယ်၌ မလျှော်ြသဇာအသုံးပြု၍ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ တိုင်းဒေသကြီးကော်မရှင်က ယင်း မြို့နယ်တရားရုံးတွင်တရားစွဲဆိုခဲ့သည့် အမှုလည်းဖြစ်သည်။

ထိုသို့ နောက်တိုးသက်သေခေါ်ယူရခြင်းသည် စစ်ဆေးပြီးစီးခဲ့သည့် တရားခံပြသက်သေများနှင့် လုံလောက်မှုမရှိသည့်အတွက် ဝန်ကြီးချုပ်ကအမှုဖြစ်စဉ်အစအဆုံးသိသည့် နောက်တိုးသက်သေ ခြောက် ဦးကို ထပ်မံခေါ်ယူခွင့်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“ တရားခံပြနောက်တိုးသက်သေဆိုတာက ဒေါက်တာဇော်မြင့်မောင်က သူ့အမှုမှာ အခုထက်ခိုင်လုံတဲ့ သက်သေတွေရှိပါသေးတယ်။ ပြခွင့်ပြုပါလို့ လျှောက်တယ်။ အရင်ကပြပြီးပြီဆိုပေမယ့် နောက်ထပ် နောက်တိုးတရားခံပြသက်သေ ခြောက်‌ယောက်လောက်က ခိုင်ခိုင်မာမာသိတဲ့ သက်သေတွေရှိလို့ ပြခွင့် ပြုပါလို့ ထပ်လျှောက်တာ။ ဘယ်နှစ်ယောက်ခွင့်ပြုမလဲဆိုတာတော့ မသိသေးဘူး။ သူ့အနေနဲ့ ဒီတစ်မှုပဲ ကျန်ပါတော့တယ်” ဟု သတင်းအရင်းမြစ်က ဆိုသည်။

အမှုအတွက် နောက်တိုးခံပြသက်သေခြောက်ဦးအား ခွင့်ပြု/မပြုအတွက် ဇူလိုင် ၆ ရက်နေ့၌ အမိန့်ချရန် တရားရုံးက ပြန်လည်ချိန်းဆိုထား သည်။

အသက် ၇၀ အရွယ်ဝန်ကြီးချုပ်အနေဖြင့် စစ်ကောင်စီကစွပ်စွဲထားသော ၅၀၅(ခ)အမှုအတွက် ထောင် ဒဏ် နှစ်နှစ်၊ သဘာ၀ဘေးပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်၊ အမရပူရမြို့နယ်အတွင်း မဲမသမာပြုသည် ဆိုကာစွပ်စွဲထားသောအမှုအတွက် ထောင်ဒဏ် တစ်နှစ်၊ အဂတိအမှုငါးမှုအ တွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရကာ အိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ mizzima

ရေးမြို့တွင် ဂိတ်စောင့်နေသည့် ပျူစောထီး ၅ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီတပ် လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။

ဇွန် ၂၇ မွန်းလွဲ ၁ နာရီခန့်တွင် မြို့နှင့် နှစ်မိုင်ခန့်အကွာ အစင်ကျေးရွာတံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားတိုက်ခိုက်ရာ ပျူစောထီး ၅ ဦးလုံး ပြန်လည်ပစ်ခတ်ချိန် မရဘဲ နေရာမှာပင် သေဆုံးကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့၏ ခေါင်းဆောင် ကိုကြက်မဲဆိုသူက ပြောသည်။

“ကျွန်တော်တို့က ဂိတ်ကို ဝင်စီးတာ။ သတင်းအပိုင်ယူတယ်၊ သူတို့အလစ်အငိုက် ထိုင်နေတဲ့အချိန်မှာ ဝင်ပစ်တာပါ” ဟု ထိုသူက ပြောသည်။

“ကျွန်တော်တို့ဘက်က ထိခိုက်မှု ဘာမှမရှိဘူး။ စစ်ကောင်စီက အလောင်းတွေကိုတောင် ၂ နာရီလောက်နေမှ လာကောက်တာ”

ထိုဂိတ်တွင် ပျူစောထီးတို့က ဒေသခံများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းနေကြောင်း တိုင်ကြားချက်များ ရရှိ၍ ယခုကဲ့သို့ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ရေးဘီးလူးအဖွဲ့နဲ့ ပတ်သက်တဲ့ သိတဲ့သူတွေဆို သတင်းပေးဖို့ ရွာသားတွေကို ခြိမ်းခြောက်တယ်။ PDF တွေ အသွားအလာကို တိုင်လို့ စစ်ကောင်စီတပ်က ဝင်ပစ်တာတွေ အရင်ရှိခဲ့တယ်” ဟု ပြောသည်။

တံတားဂိတ်ပစ်ခတ်မှုတွင် သေဆုံးသူတို့မှာ အဖွဲ့ခေါင်းဆောင် ဦးသန်းဌေး၊ ဦးတင်ဦး၊ ဦးကိုကိုလေး၊ ဦးမင်းမင်း၊ ဦးမြင့်စိုး ဆိုသူတို့ ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးကို ကိုးကား၍  အွန်လိုင်းမီဒီယာ C8 တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခဲ့သည့်အဖွဲ့၏ အဆိုအရ အစင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထား သည်ဟု သိရသည်။ 

တိုက်ခိုက်ခံရအပြီး ရေးမြို့နယ်အဝင်အထွက်ဂိတ်များနှင့် အစင်ကျေးရွာသို့ လာရာလမ်းတစ်လျှောက်ရှိ ဂိတ်များတွင် စစ်ကောင်စီတပ်က ခရီး သွားဒေသခံများကို စစ်ဆေးနေသည်ဟု သိရသည်။ 

ရေးဒေသတွင် မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO) အပါအ ဝင် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေများနှင့် ဆက်စပ်နေ သည်။ 

MSRO က ရေးဘီးလူးအဖွဲ့နှင့် မဟာမိတ်အဖြစ် ဆောင်ရွက်သွားမည်ဟု ယမန်နေ့က ကြေညာထားသည်။myanmar now

« Older Entries