မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများ Yangon Federal School ၊ Mandalay Federal School နှင့် Kaung For You Federal Private School တွင် အွန်လိုင်းကျောင်းအပ်လက်ခံ

အွန်လိုင်းမှ တစ်ဆင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း Yangon Federal School နှင့် Mandalay Federal School တွင် ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယနေ့ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး သင်ရိုးကုန်ဘာသာစုံ၊ တွဲဘက်သင်ရိုးဘာသာရပ်များအပြင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်၊ English 4 Skill သင်ကြားပေးသွားမည် ဖြစ်ကြောင်း Yangon Federal School ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး Mandalay Federal School ယနေ့ နေ့လယ် ၁၂ နာရီမှာ စကာ ကျောင်းလျှောက်ရမယ့် Form link များ တင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Yangon Federal School တွင် မူလတန်းအတွက် https://forms.gle/qLxc7HKeW1KF8aTY7 ၊ အလယ်တန်းအတွက် https://forms.gle/UdN1YgkL8UYgXnSG6 ၊ အထက်တန်းအတွက် https://forms.gle/PrrKqxbRhHKQ1BKT8 စသည့် Google form များ ဖြည့်ကာ ကျောင်းအပ်နှံနိုင်မည် ဖြစ်သည်။
Yangon Federal School သည် NUG, MOE တို့နှင့် ချိတ်ဆက်ပြီး ပြည်သူ့ပညာရေး ယန္တရား ဖော်ဆောင်သည့် အခမဲ့ပညာရေး ကျောင်းတစ်ကျောင်းဖြစ်ပြီး အသက် ၅ နှစ်အရွယ်မှ စ၍ ကျောင်းသား/ ကျောင်းသူများ လျှောက်ထားနိုင်မည် ဖြစ်ကာ အသေးစိတ် အချက်အလက်များကို Yangon Federal School ၏ Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/Yangon-Federal-School-101480155925458/?ref=page_internal တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
Mandalay Federal School နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို https://www.facebook.com/Mandalay-Federal-School-100712985988739 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
အလားတူ အမျိုးသားညီညွတ်ရေး အစိုးရ အသိအမှတ်ပြုထားသော Kaung For You Federal Private School ကလည်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံလျက်ရှိပြီး အောက်ပါ Google Form များတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရှိရသည်။
1 KG https://forms.gle/6PfTD2bTBMvuESHHA
2 Grade 1 https://forms.gle/LKTh5itHuRuNZzyYA
3 Grade 2 https://forms.gle/9RpbfC4vF2DzTMsi6
4 Grade 3 https://forms.gle/RKtf6bSdfGseNJjt8
5 Grade 4 https://forms.gle/kErDDGvXE2n7SZHG7
6 Grade 5 https://forms.gle/WVqfJEPwVGpb3qnV7
7 Grade 6 https://forms.gle/SSMmnTB1NnmvWZxJA
8 Grade 7 https://forms.gle/wAJFao9TpzP52arH9
9 Grade 8 https://forms.gle/P2Vvidk1JtCs2nx89
10 Grade 9 https://forms.gle/EeGhoPudDzM1xnnz7
11 Grade 10 https://forms.gle/LHRu1r3Xwp7Wk13Y7
12 Grade 11 https://forms.gle/uoqaxqxTUBRyQbxp7 khit thit