Monthly Archives: Jun 2022

ရွှေဘိုတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ပြီး Sniper ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အနီးရှိကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ပြီး Sniper ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့ ကြောင်း Black Wolf PDF ထံမှ သိရသည်။

ဇွန်လ ၈ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ် မုဆိုးခြုံမူးပေါင်အတိုင်း စစ်ကြောင်းထိုးထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ပန်းတောင်းရွာထိပ်တွင်နားနေသည့်အချိန် Black Wolf PDF တပ်ဖွဲ့မှ ဒရုန်း ဖြင့် ဦးစွာတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရွှေဘိုတဝိုက် စစ်ကြောင်းထိုးပြီး တွေ့တဲ့ ရွာကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ပါ။ မနေ့ ဇွန်လ ၈ ရက် မနက် ၉ နာရီအချိန်မှာ ပန်းတောင်းရွာထိပ်မှာနားနေတယ်ဆိုပြီး ဖရဲသီး(တပ်တွင်းသတင်းပေး)က သတင်းပေးပို့လာတာကြောင့် အဲဒီကောင်တွေကို ပထမဆုံး Drone နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ ဗုံးသီးက Error တက်လို့ မကွဲခဲ့ပါဘူး” ဟု Black Wolf PDF မှ တာဝန်ရှိသူက ပြောသည်။

ထို့နောက် ပန်းတောင်းရွာထိပ်မှ ဆက်လက်ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့မှ Sniper Man က ဖွင့်လှိုင်းရွာအနီး စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။

“ပန်းတောင်းရွာထိပ်မှာနားပြီးတော့ ဒီကောင်တွေဆက်လက်ထွက်ခွာမယ့်လမ်းကြောင်းကို သတင်းကြို ရတာကြောင့် ကျွန်တော်တို့တပ်ဖွဲ့ရဲ့ Sniper Man က စောင့်ကြိုပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ပါတယ်” ဟု ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောသည်။

Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဦးတည်ချက်မရှိစစ် ကြောင်းထိုးကာ လူခွဲပြီးရွာစဉ်ပတ်မီးရှို့နေသည့်စစ်ကြောင်းဖြစ်သည့် အတွက် ပါဝင်သည့် တပ်ဖွဲ့ဝင်အင်အားအတိအကျကို ဖြေဆိုရန်ခက်ခဲကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့၏တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ဖွင့်လှိုင်းကျေးရွာမှ တစ်ဆင့် ဘိုတဲကျေးရွာကို ဆက်လက်ထွက်ခွာကာ ဘိုတဲကျေးရွာမှ အပြစ်မဲ့ ပြည်သူတစ်ဦးကို သတ်ဖြတ် သွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် ဘိုတဲကျေးရွာမှတစ်ဆင့် အနီးရှိကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးထွက်ခွာလျက်ရှိနေပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကိုသတ် ဖြတ်ခြင်းများပြုလုပ်နေသည့်အတွက် အလျဉ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Black Wolf PDF က သတင်းထုတ်ပြန်ထားသည်။ mizzima

အိန္ဒိယ- အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအ စည်းအဝေး မြန်မာ တက်ခွင့်မရ

လာမယ့်အပတ်ထဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစည်းအဝေးမှာ မြန်မာနိုင်ငံကို မဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအရကိုယ်စားပြုခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုပဲ မြန်မာနိုင်ငံကိုယ်စား အာဆီယံ အစည်းအဝေးတွေမှာ ဖိတ်ခေါ်ရမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား  သဘောတူညီထားကြတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးမဟုတ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ယောက်တက်ရောက်ဖို့ အိန္ဒိယဘက်က မြန်မာနိုင်ငံကို ဖိတ်ကြားထားတယ်လို့ အိန္ဒိယ The Economic Times သတင်းစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

အခြေအနေတွေက ဆွေးနွေးနေဆဲဖြစ်ပြီး အပြောင်းအလဲတွေရှိနေသေးတယ်လို့လည်း သံတမန်အရင်းမြစ်တစ်ခုကနေသိရကြောင်း ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ရေရာတဲ့ဆုံးဖြတ်ချက်တခု မချနိုင်သေးဘူးလို့လည်းဆိုပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း တို့ကမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ် စိုးရိမ်နေပြီး  ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ကတော့ ထုံးစံအတိုင်း အဖွဲ့အစည်းအားလုံးဆွေးနွေးညှိနှိုင်းကြဖို့  ကြေညာချက်တွေပဲ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ အင်ဒိုနီးရှား ဂျကာတာမှာ  ကျင်းပခဲ့တဲ့ အာဆီယံ ခေါင်းဆောင်များအစည်းအဝေးက ထွက်ရှိလာခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း တနှစ်ကျော်ကြာလာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပဲ နိုင်ငံကိုတည်ငြိမ်အောင်မ ဆောင်ရွက်နိုင်သေးပါဘူး။

နိုင်ငံရဲ့အရှေ့မြောက်ဘက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ ၁၆၄၀ ကီလိုမီတာ အရှည်ရှိတဲ့နယ်စပ်မျဉ်းကို မျှဝေပိုင်ဆိုင်ထားတဲ့ အိန္ဒိယဟာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ထောက်ခံခြင်းမရှိဘဲ လက်ရှောင်နေခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာကိုအသုံးချပြီး အိန္ဒိယရဲ့နယ်မြေဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်နဲ့  အိန္ဒိယ သမုဒ္ဒရာထဲကို ခြေဆန့်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

အိန္ဒိယဟာ ကာလကတ္တားကနေ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကာ မြန်မာနိုင်ငံ စစ်တွေကနေတဆင့် သူ့နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတွေကိုဆက်သွယ်မယ့် ကုလားတန်ဘက်စုံဆိပ်ကမ်းစီမံကိန်းတစ်ခုနဲ့ ကီလိုမီတာ ၁၃၆၀ အရှည်ရှိ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်းတစ်ခုတို့ကို မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ပြန်လည်စတင်ဖို့ အိန္ဒိယကတိုက်တွန်းခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိ ယက ကြားနေခဲ့တယ်လို့ အိန္ဒိယ သတင်းစာမှာ ဖော်ပြထားပါတယ်။ DVB

စစ်တပ်က ၂ ကြိမ်မီးရှို့လိုက်တဲ့ ဘုတလင်ရှိ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေးရဲ့ ချောင်း၀ကြီးကျေးရွာမှ သာအေးညီမအိမ်ပါ ပြာကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ အရင်ဗိုလ်ချုပ်ဟောင်း သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးကျေးရွာကို ဇွန်လ ၆ ရက်နေ့ စစ်ကောင် စီတပ်တွေက ဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရပြီး သာအေးရဲ့ ညီမ ဒေါ်မြမြအိမ်ပါ မီး လောင် ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ ညနေပိုင်းအထိ မီးရှို့ခံခဲ့ရတဲ့ချောင်းဝကြီးကျေးရွာမှာ မီးမငြိမ်းသတ်နိုင်သေးသလို ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဆိုပါတယ်။

“ညနေပိုင်းမှာ ကျနော်ရွာထဲကို ရောက်သွားတယ်။ မီးကမငြိမ်းသေးဘူး။ရွာသားတွေကတော့ ပြေးကုန်ကြပြီး။ယခင်တိုင်းမှုးဗိုလ်ချုပ်သာအေးရွာပေါ့ဗျာ။ သာအေးမကလို့ သာအေးအဖေအိမ်ဖြစ်ပါစေ။အကုန်သာရှို့ဆိုပြီး စစ်ကောင်စီတပ်က ပြောကြတယ်တဲ့။အခုတော့ သာအေးညီမအိမ်ပါ မီးထဲပါသွားပြီ။ဒါရောဆိုရင် ဒုတိယအကြိမ် ထပ်ပြီး မီးရှို့ခံခဲ့ရတာပါ “လို့ ဒေသခံတစ်ဉီးက ပြောပါတ ယ်။

မီးမရှို့ခင် အရင်ဗိုလ်ချုပ်သာအေးရဲ့ ညီမဖြစ်သူအိမ်ထဲမှာ ဗိုလ်ချုပ်သာအေးရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားပေမယ့်လည်း မီးရှို့သွားကြောင်း၊ ညီမဖြစ်သူမှာ ဒေသခံရွာသားများနှင့်အတူ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

ချောင်းဝကြီးကျေးရွာ မီးလောင်ဆုံးရှုံးမှု ပက်သက်ပြီး အိမ်ခြေကိုတော့ လက်တလောမှာ အတည်မပြုနိုင်သေးသလို ဒီနေ့မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

ဘုတလင်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

မေလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ် သာအေး၏ မွေးရပ်မြေ သာ ယာကုန်း၊ချောင်းဝကြီးကျေးရွာကို ပထမအကြိမ် မီးရှို့ဖျက်ဆီးတဲ့အတွက် သာအေးရဲ့ ညီမဖြစ်သူ အပါအဝင် အမျိုးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။

စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေးရဲ့ ညီမဖြစ်သူ အပျို ကြီးဒေါ်မြမြက ကျေးရွာမှ စွန့်ခွာ၍ ဆွေမျိုးများရှိရာ ဘုတလင်တွင် ပြောင်းရွှေ့စစ်ဘေးရှောင်နေသည်မှာ ၄ လနီးပါးရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ khit thit

မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးများက တစ်ရွာနေတည်း နေသူအား ပစ်သတ်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးများက တစ်ရွာတည်းနေသူ တစ်ဦးအား ရွာအပြန်လမ်းတွင် စောင့်၍ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သူက မုံရွာကို ပန်းသွားရောင်းပြီး အပြန်မှာ ပစ်ခံရတာ ငါးယောက်ပြန်လာတာမှာ သူ့ကိုရွေးပစ်သွားတာ အလောင်းကိုတော့ ပျူစောထီးတွေဆီက မနေ့ညက ပြန်ရတယ်” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဇွန်လ ၈ရက် နံနက် ၉နာရီအချိန်ခန့်တွင် တောင်ပုံကျေးရွာ ကုက္ကိုတန်းအတက်တွင် တောပုမြောက်ပိုင်းမှ ပျူစောထီးအဖွဲ့ဝင် လေးဦးမှ သေ နတ်ဖြင့်ပစ်ခတ်ခဲ့ရာ ရွာအနောက်ပိုင်းနေသူ မသန်းသန်းဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

အဆိုပါသေဆုံးသူနှင့် အတူ ပါရှိသောသူ လေးယောက်အား ပျူစောထီးများမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး နေ့လယ်ပိုင်းအချိန်တွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

မသန်းသန်းဦး၏ ခင်ပွန်းဖြစ်သူ ဦးစိုးဝင်းသည် လွန်ခဲ့သော ခြောက်လခန့်က တောပုရွာ မြောက်ပိုင်းနေ ပျူစောထီးများမှ ဖမ်းဆီးသွားခဲ့ပြီး ရဲလက်အပ်ကာ ထိုမှ တစ်ဆင့် မုံရွာထောင်တွင် ချုပ်နှောင်ထားကြောင်းနှင့် ဇွန်လ ၇ရက်နေ့က ၎င်းအမျိုးသားအား ထောင်ဝင်စာ သွားတွေ့ခဲ့ကြောင်းဆိုသည်။

တောပုရွာတွင် မြောက်ပိုင်းနေသူများသည် စစ်ကောင်စီအား ထောက်ခံပြီး ပျူစောထီး အဖွဲ့တွင် ဝင်ရောက်ကာ အနီးနားရှိကျေးရွာများအား လက်နက်အားကိုးဖြင့် ပစ္စည်းလုယူခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြပြီး၊ တစ်ရွာတည်းနေသူချင်း သတ်ဖြတ်မှုသည် ယခုအကြိမ် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ဦးစိုးဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခံရန် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခဲ့ဖူးသော်လည်း အုပ်ချုပ်ရေးမှူးမဖြစ်ခဲ့ကြောင်း ယင်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ၎င်းအား မကျေနပ်၍ အငြိုးအတေးထားကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

မသန်းသန်းဦး သေဆုံးမှုနှင့်ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ခြင်းများ ပြုလုပ်နိုင်ဖွယ် မရှိကြောင်းနှင့် ၎င်းနာရေးကိစ္စအား မပြုလုပ်ရသေးကြောင်း အဆိုပါ ဒေသခံ မှ ဆက်လက် ပြောဆိုသည်။mizzima

ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PD Fက တိုက်ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDFက တိုက် ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်အချိန် ဆင်ဖြူရှင်တံတားဂိတ်သို့ စစ်ကူလာသော စစ်ကားတစ်စီးကို ပရိမ်သာရွာအနီးတွင်မိုင်း ၆ လုံးဆွဲတိုက် ခိုက်ရာ ကားတစ်စီးလုံး စုတ်ပြတ်သွားပီး ကားပေါ်ပါသော စစ်သား ၁၀ ဦးခန့် နေရာတင် ပွဲချင်းပီးသွားကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

မကွေး၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက် ၈ ခု၊ ကျည်ဆန် ၁၀၀၀ ၊ ငွေကျပ်သိန်း ၁၁၀ ၊ ဆိုင်ကယ် ၄ စီးကိုလည်း သိမ်းဆည်းရမိကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။ khit thit

ရေတာရှည်မြို့နယ် မြို့လှရဲစခန်းကို သံ တောင်မြောက်ပိုင်း အထူးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ မြို့လှရဲစခန်းတွင် ဇွန်လ ၉ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် မိုင်းခွဲခံခဲ့ရကြောင်း ဒေ သခံများထံမှ သိရသည်။ တိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်း အထူးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရီမုမိုင်းကို စခန်းထဲပစ်သွင်းပြီးမှ လှမ်းခွဲတာပါ အထိအခိုက်တော့ မသိသေးဘူး”ဟု တိုက်ခိုက်မှုကို သံတောင်မြောက်ပိုင်း အထူးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံဗိုလ်မုတ်ဆိတ်မှ ပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်မှုအခြေနေ အသေးစိတ်ကို မသိရှိရသေးပါ။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲစခန်းထဲတွင် သေနတ်ပစ်သံများ ထွက်ပေါ်လာပြီး အနီးဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြို့လှတွင် ပေါက်ကွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဧပြီလ ၁၅ရက်နေ့တွင် အဆိုပါရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာ ရရှိခဲ့သည်။mizzima

တပ်စခန်းများကို ဆုတ်ပေးမည်မဟုတ်ဟု စစ်ကောင်စီတပ်ကို SSPP/SSA တုံ့ပြန်

စစ်ကောင်စီပြောထားတဲ့ တပ်စခန်းနေရာတွေကို  ဆုတ်ပေးမှာမဟုတ်ကြောင်းနဲ့  စစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပါက ပြန်တိုက်ဖို့ စစ်ရေးပြင်ဆင်ကာ အသင့်အနေအထားရှိနေတယ်လို့ SSPP/SSA  ဒီကနေ့ ဇွန် ၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက် ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကို ဇွန် ၁၀ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဇွန် ၄ ရက်က သတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဆုတ်ခိုင်းတဲ့ SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်း ၃ ခုကတော့ လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME- ၃၇၀၃၁၇) ရှိစခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံအညွှန်း (ME-၄၁၉၃၃၆) စခန်းတို့ဖြစ်ပါတယ်။

အဲ့ဒီတပ်စခန်းတွေဟာ “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေပြီး SSPP-SSA တပ်က ဆယ်စုနှစ်တခုစာ အခြေပြုခဲ့တဲ့ တပ်စခန်းတွေဖြစ်တာ​ကြောင့် တပ်ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ SSPP/SSA ဘက်က ဒီကနေ့ ဇွန် ၉ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က အဲဒီတပ်စခန်းနေရာတွေကို ထိုးစစ်ဆင်လာပါက တိုက်ပွဲဖြစ်လာနိုင်ခြေရှိပြီး ​SSPP/SSA ဘက်မှာလည်း စစ်ရေးပြင်ဆင်ကာ အသင့်အနေအထား ရှိနေတယ်လို့ SSPP/SSA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသမှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က တပ်ဆုတ်ခိုင်းတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မိုင်းရှူးမြို့နယ်၊ တာဆန်ဖူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၅ ရွာမက ပျက်စီးကာ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတာတွေ ရှိတာကြောင့် အဲဒီကျေးရွာက အရပ်သားပြည်သူလူထု ၄၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဟာ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်ဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်နဲ့လည်း စစ်ရေးတင်းမာနေပါတယ်။ DVB

ရန်ကုန်-ဒလတံတားတည်ဆောက်ရေး စီမံ ကိန်းကို မင်းအောင်လှိုင် လာရောက်ဖွယ်ရှိ၍ လုံခြုံရေး တင်းကျပ်ထား၊ ဒလဘက်မှ လှေ ဆိပ်များအားလုံး ပိတ်ပြီး တံတားစီမံကိန်းအ တွင်း စစ်တပ်ချထားကာ မြစ်အတွင်း ကင်းလှည့်ရေယာဉ်များသွားလာနေ

ရန်ကုန်မြို့ဘက်မှ ဒလဘက်သို့ သွယ်တန်းထားသော ဒလတံတားစီမံကိန်းကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွယ်ရှိပြီး တံတားစီမံကိန်းအတွင်း စစ်ကားအများအပြားချထားခြင်း၊ ဒလ-ရန်ကုန် လှေဆိပ်များ အားလုံး ၃ ရက်တာပိတ်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒလ-ရန်ကုန်တံတားစီမံကိန်းထဲမှာ Double Card ကားတွေ၊ စစ်ကားတွေ အများကြီးပဲ။ တံတားစီမံကိန်း ပတ်ပတ်လည်ကိုလည်း စစ်ကားတွေချထားတယ်။ ကြားတာတော့ ရာထူးကြီးတစ်ယောက်၊ မင်းအောင်လှိုင်လို့လည်း ပြောတယ်။ တံတားစီမံကိန်း လာစစ်မယ်လို့ ပြောတယ်” ဟု တံတားစီမံကိန်းအလုပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်မြစ်အတွင်းတွင်လည်း စစ်သင်္ဘောများ လှည့်လည်နေပြီး ဒလ-ရန်ကုန် လှေဆိပ်များအားလုံးကိုလည်း ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်များက ကြေညာထားသည်။

အဆိုပါတံတားစီမံကိန်းသည် စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့ နယ် ဘုန်းကြီးလမ်းမကြီးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) မြစ်ကူးတံတားဖြစ်သည်။khit thit

« Older Entries Recent Entries »